Chapter 14🔞

1.3K 87 7
                                    

ညကအိပ်ပျော်သွားတာ စောလို့ မနက် အစောကြီးနိုးလာတော့ အမုန်းတရားတွေနဲ့ ဥပေက္ခာပြုထားသည့် ကိုကိုသည့် သူ့အား ရင်ခွင်ထဲမှာ ပွေ့ပိုက်ပြီး အိပ်နေသတဲ့ အလိုမကျစွာ မျက်ခုံးကြီး ကျုံ့ထားတာကြောင့် လက်ညိုးထိပ် ကလေးနဲ့ အသာထိပြီးဖြေပေးကာ ကိုကို့ ရဲ့ နှာခေါင်းလုံးလုံးလေးကို ညစ်လိုက်ပြီး ပြုံးနေမိသည်။ဘာကြောင့်လဲဆိုတော့ ကိုကို ကသားအပိုင် လို့ခံစားမိလို့ထင်ပါရဲ့

"ငယ်ကိုကို့ ကိုချစ်လိုက်တာဗျာ "

နှာခေါင်းကို လက်အေးအေး တို့ဖြင့် ထိတို့ကတည်းကနိုးလာပေမဲ့ ထိုကလေး ဘာလုပ်မလဲသိချင်တာကြောင့် အိပ်ချင်ယောင်သာဆောင်နေလိုက်သည်။အသက်ရှူသံမျှင်မျှင်လေးတွေနဲ့အတူ "ငယ်ကိုကို့ ကိုချစ်လိုက်တာဗျာ " ဆိုတဲ့စကားသံလေးကြောင့် ရင်ထဲမှာ နွေးထွေးသွားသလိုလေး ထိုကောင်လေးက သူ့ကိုကြောက်လို့ ချစ်တယ်တဖွဖွ ပြောနေသည်လို့ထင်ဖူးတာမို့

"ငယ့်ကိုကိုက တော့ ငယ့်ကိုမချစ်ဘူးမို့လား ငယ်ကိုအရမ်းမုန်းနေသလား ကိုကိုရယ် *sob*"

လက်မောင်းပေါ်သို့ မျက်ရည်စက်လေးတွေ စီး ဆင်းလာတော့ ကျွန်တော့်နှလုံးသားတွေကလည်း နာကျင်လာသလိုပဲ နောက်ပြီး

"ငယ်က ကိုရီယားကပါ ငယ်လေ အိုမားကို လွမ်းနေပေမဲ့ "

Ring....Ring ပြောနေတဲ့ စကားလေတွေ နားထောင်နေပေမဲ့ ဖုန်းသံကြောင့် Perth စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။

"ကိုကို ကိုကို ဖုန်းလာနေတယ် "

ခဏလောက် အိပ်ယာကထလာသလို ဟန်ဆောင်ရင်း မျက်လုံးလေးပွတ်ကာ
ဖုန်းကို လှမ်းယူလိုက်တော့ Tati

"Boss ရုံးချိန်းက နောက်တစ်ပတ် တနင်္လာနေ့ပါ "

"ဒီသောကြာ အကျော်လား Tati "

"မဟုတ်ပါဘူး Boss နောက်တစ်ပတ်ပါ27 ရက်နေ့ "

"အိုကေ"

ဖုန်းချသွားတော့ ရေချိုးဖို့ ဝင်သွားတဲ့ကောင်လေးရဲ့နောက်ကျောကို ကြည့်နေမိသည်။*ငါနောင်တမရလောက်ပါဘူးနော်*

"ခဏနေရင် ဆေးရုံသွားမယ် "

မျက်လုံးဝိုင်းဝိုင်းလေးကို လျစ်လျှူရှုကာ
ကျွန်တော်ရေချိုးခန်းထဲကိုသာဝင်လာခဲ့လိုက်သည်။အဆင်သင့်ဖြည့်ပြီးသားဖြစ်တဲ့ ရေနှင့် ချိန်ညှိထားတဲ့ ရေအပူချိန် သွားပွတ်တံပေါ်က သွားတိုက်ဆေး အချို့နှင့် သေချာခေါက်ထားပေးတဲ့ Tower လေး

Innocence (34+35)Complete Where stories live. Discover now