Chapter 6

1K 81 3
                                    

"ကျွန်တော် ချစ်တယ် "

"Ji လည်း သခင်လေးကို ချစ်ပါတယ် လိမ်လိမ် မာမာနေပါနော် "

"ကျွန်တော်ချစ်တာက လက်ထပ်ဖို့ Ji"

ပေါင်ပေါ်အိပ်နေတဲ့ကောင်လေးရဲ့ ဆံပင်တွေ ပွတ်သပ်ပေးနေတဲ့ လက်အစုံဟာ တောင့်ခဲကုန်သည်။သခင်မကြီးသည် သူမကိုမွေးစားထားခဲ့သည်မှာ ဥာဏ်ကောင်းပြီး အချစ်ခံရမှုကြောင့် အစေခံမျိုးရိုးကိုတော့ သူမချွေးမ တော်မည်မဟုတ်တာကို Ji သိသည်။နောက်တစ်ခု Ji ဟာ Perth ကို ထိုသို့မချစ်ခဲ့ပါ

"သခင်လေးရှင့် သခင်လေးနဲ့ ကျွန်မအလွှာတွေ ခြားလွန်းပါတယ် ပြီးတော့ တရားဝင် မောင်နှမ တွေပါ ဒီလို စိတ်ကူးယဥ် အရူးထနေဖို့ အချိန်မရှိပါဘူး သခင်လေးက ငယ်ပါသေးတယ် မနက်ဖြန် ကျောင်းတတ်ဖို့အတွဆက် အိပ်ပါတော့ နောက်နေ့တွေ သခင်လေးကို သိပ်ဖို့ ကြီးတော် Aai ကို လွှတ်လိုက်ပါ့မယ်"

"ကျွန်တော် စိတ်ကူးယဥ် အရူးထနေတာမဟုတ်ဘူး Ji ကိုကျွန်တော်နေ့ညမပျက်တမ်းတနေခဲ့ရတာ Ji "

ချက်ချင်းထထွက်သွားဖို့ လုပ်နေတဲ့ Ji ရဲ့ လက်ကို ဆွဲကာ ဖြေရှင်းချက်တွေပေးပေမဲ့ မျက်ရည်တွေ ကျပြပေမဲ့ သူမက မျက်နှာကြောတင်းတင်း နှင့် အခန်းထဲက ထွက်သွားခဲ့သည်။

ကျွန်မက ကျွန်တစ်ယောက် ပါ သခင်
ခွေးတောင် ကျွေးတဲ့လက်ကို ပြန်မကိုက်ပါဘူး ကျွန်မကိုသခင်မကြီး ကကျွေးရုံတင် မဟုတ်ဘူး ပညာ အမွေပါ ပေးတဲ့ကျွေးကျေးဇူး သခင်ပါ သူဌေးသားငိုမြူဆွယ်တယ် ဆိုတဲ့ခေါင်းစဥ်အောက်မရောက်နိုင် သလို ပိုင်းလုံးမ ဆိုတဲ့ အပြောကိုလည်း မခံနိုင်ပါဘူး

----- Innocence -------

"ဒါဆို ရင် ဒီလိုလုပ် မင်းဆိုးပြလိုက်လေ ဒါဆိုသူက မင်းကိုအဖြေပေးရင်ပေးလာလိမ့်မယ် "

"Mark အဆင်ပြေပါ့မလား "

"မင်းကလည်းကွာ စဥ်းစားကြည့်နော် သူကမင်းကို လိမ္မာစေချင်တယ် မင်းက လိမ္မာပြနေတော့ ဒီအတိုင်းကြီးပွဲကသိမ်းနေပြီ မင်းဆိုးချင်တိုင်းဆိုးပြီး အကြပ်ကိုင်လိုက်ကွာ ဘယ်လိုလဲ "

အတန်းချိန်တွေ ကုန်ဆုံးသွားတော့ သခင်လေးသည် ကျောင်းဝတ်စုံလေးလဲကာ ညနေနေဝင်ချိန်တွင် ခြံဝန်းထဲသို့ဆင်းကာ ပန်းပင်တွေ ရေလောင်းနေသည့် ခြံဝန်း ထဲက အိမ်စေတွေအား

Innocence (34+35)Complete Where stories live. Discover now