Chapter 9

1K 79 3
                                    

"နောက်ဆုံးတော့လည်း ငါ့လက်ထဲကို ပြန်ရောက်လာပြီပေါ့ "

"သား ကိုကို့ ဆီက ထွက်ပြေးသွားတာ မဟုတ်ပါဘူး သား"

"ရှူး မင်းသိတယ်နော် မင်းနဲ့ငါက လက်ထပ်ထားတယ်ဆိုတာ "

"ဟုတ်ကိုကို "

အရင်က ဆေးစွဲနေလို့ ထိုကောင်လေး အပေါ် ကျူးလွန်မိတယ်ဆိုပေမဲ့ အခုလို အသိစိတ်ရှိနေတဲ့ အချိန် ဘာကြောင့်များ သူ့ရင်ဘက်ပေါ်က အနီရောင် ပွင့်ချပ်တွေ ပေါ် စိတ်ရောက်နေ
ရပါလိမ့် အရှေ့မှာ စောင့်နေသည့် လူရုံတွေကိုဖုန်းခေါ်ကာ ထို ကောင်လေး ဖို့ အဝတ်အစား ဝယ်ခိုင်းလိုက်ရသည်။

"Bkk ကအိမ်တော်ကို ပြန်လိုက်ချင်လား "

Perth သည် ထိုကောင်လေးရဲ့သဘောထားကို ဘာကြောင့်များသိချင်နေတာပါသလဲ ထိုကောင်လေးမနေချင်ဘူးဆိုရင်သူတကယ်ပဲ မခေါ်သွားဘဲ နေမှာလား

"ကိုကို ရှိတဲ့နေရာမှာ သားနေချင်ပါတယ် "

အဝတ်အစားတွေလာပို့တော့လဲ လူရုံတွေကို အခန်းထဲပေးမဝင်ဘဲ အပြင်မှာသာ နေခိုင်းလိုက်သည်။ရေချိုးတန်းလန်းကြီး ပြေးလာတာဆိုတော့ ရေချိုးရသေးမှာ မဟုတ်တာကြောင့်ထိုကောင်လေးကို ချိုးခိုင်းလိုက်ပြီး အဝတ်အစားတွေ ပြစ်ပေးလိုက်သည်။အူကြောင်ကြောင်လေးပေမဲ့ ထိုကောင်လေးက သူ့ကိုဆို အသေကပ်သည်။ကျန်းမာရေးကောင်းသည်သာ ဆိုတာ အူကြောင်ကြောင် ဖြစ်နေတုန်းပဲ

Trat ကနေ bkk ကို ကားပြန်မောင်းလာတုန်း lover seat မှာ အိပ်ပျော်နေသည့် ကောင်လေး
ထိုကောင်လေးကို သနားလည်း သနားသည် သူ့အပြစ်တွေတော့ သူပေးဆပ်ပါဦးလေ

"အမှုက သခင်မကြီး ကိုယ်တိုင် ရုတ်သိမ်း ဖျောက်ဖြတ်ထားတာမို့ ပြန်အစဖော်လိုက်ရမယ်ဆို အချိန် အတော်ကြာပါဦးမယ် သခင်လေး "

"ကြာချင်သလောက် ကြာပါစေ ဒီအမှုမှန်ပေါ်ဖို့အရေးကြီးတယ် အစအဆုံးပြန်လိုက် ဒါပဲ "

ဖုန်းကျသွားသည်နှင့် ဘေးနားက အိပ်နေသည့် သူ အား လှုပ်နိုးပြီး အိမ်ထဲသို့ ဝင်စေလိုက်သည်။ကားစက်သပ်ကာ အ‌ရှေ့ကဆင်းသွားသော Saint အနောက်ကနေလိုက်သွားတော့ ဧည့်ခန်းမှာ စောင့်နေသည့် အိမ်တော်ထိန်း Aai ရှေ့၌ ခေါင်းလေးငုံ့ကာ ရပ်နေသည်မို့

Innocence (34+35)Complete Where stories live. Discover now