Chapter 19🔞🔞🔞

1.7K 72 5
                                    

"သားတောင်းပန်ပါတယ် "

"ကျွတ် ကျွတ် ကိုယ့်ကလေးငယ်ရယ် ယောင်နေပြန်ပြီ"

"အင်း~~~~"

နဖူးလေးကို ခပ်ဖွဖွ အနမ်းပေးလိုက်ပြီး နှိုးဖို့ပြင်ရတော့သည်။မနက် ၉နာရီကျော်နေပြီဖြစ်တာကြောင့် ညကအနာဆေးထည့်ပေးထားပေမဲ့ စောင်လေးလှန်ကာ ဘောင်းဘီလေးချွတ်ကြည့်တော့ အပေါက်ကလေးကယောင်နေသည်မို့

"ကိုယ့်ကလေးငယ်လေးရေ ထတော့ မျက်နှာသစ်မနက်စားပြီး ဆေးသောက်ရအောင်"

"အင်း~~~~"

ကလေးငယ်ကို ဒီအတိုင်းလေးပဲပွေ့ချီသွားကာ ကျွန်တော်ကပဲ အစအဆုံးကလေးကိုပြင်ဆင်ပေးနေမိသည်။အောက်ထပ်ကို ပွေ့ချီလာပြီး ကြီးမေတို့ပြင်ထားပေးသည့်မနက်စာကို ထိုင်စားနေတုန်းတိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။

"ကိုယ့်ကလေးငယ် စားရတာအဆင်ပြေလား"

တို့ထိတို့ကနမ်းသာ လုပ်နေသည်မို့မေးကြည့်တော့ခေါင်းလေးသာငြိမ့်ပြလာပြီးနွားနို့ခွက်လေးမော့သောက်လိုက်သည့်ကလေး

"ပြီးကျ ကိုယ်ရုံးသွားရမယ်ကလေးပါ လိုက်ခဲ့နော်ခဏစောင့်နေဦး"

အိတ်ကျန်ခဲ့သည်မို့တတ်ယူလိုက်ပြီး ကလေးလက်ဆွဲကာ ကားပေါ်သို့တင်ပေးခါးပတ်ပတ်ပေးနှင့် တစ်ဆိတ်လောက်မနက်ကတည်းက ကလေးငယ် ကျွန်တော့်ကိုစကားမပြောရသေးဘူးမလား

"ရေခဲမုန့်စားမလား ကလေး "

ခေါင်းသာခါပြပြန်သည်။ကလေးမျက်နှာလေးကအသက်မဲ့သလိုလည်းဖြစ်နေသေးသည် ကျွန်တော့်စိတ်ထဲတင်းကြပ်လာပြီ ကလေးဘာဖြစ်နေတာလဲ

"ကိုယ့်ကလေး စကားပြန်ပြောဦးလေ"

"..."

"ကိုယ့်ကိုစကားမပြောဘူး ဘာဖြစ်လို့လဲ "

*ဘာဖြစ်လို့လဲဟုတ်လား ခင်ဗျားကြီးညကနှိပ်ဆက်ထားတာလေ ကျွန်တော်တောင်းဆိုတာကိုမလိုက်လျောပဲ အခြားတစ်ခုနဲ့ ဆက်ဆံခဲ့တာ လူယုတ်မာကြီး * စိတ်ထဲကသာ အော်ဟစ်ပြောနေလိုက်သည်။အပြင်ထုတ်မပြောရဲပါ ရှက်ဖို့ကောင်းသည်မလား ကျွန်တော့်ကိုမလုပ်လို့စိတ်ဆိုးနေတာပါလို့ ပြောရမှာလား

Innocence (34+35)Complete Where stories live. Discover now