Chapter 18🔞🔞

1.5K 78 3
                                    

မနက်၇ နာရီလောက် ရောက်တော့ ရင်ခွင်ထဲက ကလေးဟာ နိုးမလာသေးပေ။နှုတ်ခမ်းနီနီရဲရဲလေးတွေက ယောင်နေသလို ရင်ညွန့်ကနေဝမ်းဗိုက်အထိ အနီရောင် အရာတွေက ပြည့်လို့နေသည်။

နဖူးလေးကို အနမ်းခပ်ဖွဖွလေးပေးပြီး ကလေးနဲ့အတူ ထပ်ပြီး အိပ်နေလိုက်သည်။အသက်ရှူသံမျှင်မျှင်လေးတွေကအစ ချစ်ဖို့ကောင်းလွန်းနေသည်။

"ကိုကို "

"နိုးပြီလား ငယ် "

"နေ့လည် တစ်နာရီတောင်ထိုးနေပြီ ကိုကို ကျောင်းမသွားဘူးလား"

"အင်း ကလေးနဲ့ အတူနေချင်လို့ "

တစ်ဖန်ပွေ့ဖက်လာသည့်ကိုကို့ကြောင့်ကျွန်တော်လည်း မျက်လုံးလေးတွေမှိတ်လိုက်ပြီး ကိုကို့ ရင်ခွင်လေးကိုမှီထားလိုက်သည်။

"ဒီနေ့ ကိုယ့်ကလေးနဲ့ အပြင်သွားမယ် ကလေးဘယ်သွားချင်လဲ"

"တကယ်လား သားရုပ်ရှင်တူတူကြည့်ချင်တယ် ကိုကိုနဲ့ သားကို လိုက်ပြမယ်မလားဟင်"

"သေချာတာပေါ့ ထ ရေချိုးကြရအောင်"

ရေချိုးခန်းထဲသို့ကလေးကို ပွေ့ချီကာ ခေါ်သွားခဲ့သည်။နှစ်ယောက်သား ရေချိုး ပြင်ဆင်ပြီး အပြင်မှာပဲ နေ့လည်စာ စားကာ ရုပ်ရှင် လက်မှတ်ဖြတ်ပြီး ပြမဲ့ အချိန်ကို ဆိုင်တစ်ဆိုင်မှာ မုန့်ဝင်ဝယ်ရင်း စောင့်နေခဲ့သည်။

"ညီ အကို့ နာမည်က Kimmon ပါ "

"Ahh ဟုတ် သားနာမည်က Saint ပါ "

"အကို့ဖုန်းနံပါတ်နော် ညီ့ဖုန်းနံပါတ်ရော သိလို့ရမလား"

"သားကို ကိုကိုက ဖုန်းပေးမကိုင်ဘူး "

ဖုန်းနံပါတ်ကဒ်လေး ကိုင်ကာ Phi Kimmon ကိုပြောလိုက်တော့ Phi က အထူးအဆန်းဖြင့်အံ့သြသွားသည့်ပုံလေးနှင့် မုန့်ဝယ်နေသည့်ကိုကိုက ကျွန်တော့်နားကိုရောက်လာပြီး လက်ကောက်ဝတ်ကိုစောင့်ဆွဲလိုက်တာကြောင့် ကျွန်တော့်ခန္ဓာကိုယ်က ကိုကို ဆီပါသွားတော့သည်။

"မင်းဘယ်သူလဲ ငါမသိဘူး မင်းသိထားရမှာက ကလေးကငါ့အပိုင် "

ပေါက်ပေါက်ဗူးနဲ့ Phi Kimmon မျက်နှာကိုပေါက်လိုက်ပြီး ကိုကိုက ကျွန်တော့်လက်ကိုဆွဲကာ ထိုရုပ်ရှင်ရုံကနေထွက်လာခဲ့သည်။

Innocence (34+35)Complete Where stories live. Discover now