Ep-1

21.3K 1.3K 62
                                    

Unicode;

"သခင်လေး နိူးလာပြီတဲ့"
"သခင်လေး နိူးပြီတဲ့ဟေ့"

မီးဖိုဆောင်ထဲ အနက်ရောင် ဂါဝန်ဒူးတိလေးတွေ ဝတ်ထားသည့် အစေခံ Maid လေးများ ရှုတ်ရှုတ်သဲသဲဖြင့် အလုပ်ရှုပ်နေကြသည်။ အကြောင်းအရင်းကား သခင်လေး...။ သခင်လေးက သူ့အဖေလိုပဲ သိပ်ဇီဇာကြောင်တာ...။ လတ်ဆတ်ပြီး ပူနွေးတဲ့ မနက်စာမှ သဘောကျတတ်သူ သို့ပေမယ့် စားပွဲဝိုင်းရောက်နေလျှင်လည်း စားစရာ စုံလင်နေမှ စောင့်နေရတာကို မကြိုက်သူ။

ဂျာမနီနိုင်ငံ ဘာလင်မြို့။ ရဲတိုက်ကြီး ပမာ ခမ်းနားထည်ဝါလှပသော အဖြူရောင်အတိ ချယ်ထားသည့် Alex Armanto အိမ်တော်ကြီး။ ထို Alex Armanto အိမ်တော်ကြီး၏ စတုတ္ထ အထပ်တွင် သန့်ရှင်းကျယ်ဝန်းလှသော သခင်လေး Alex Armanto Grazie ၏ အိပ်ခန်းဆောင်ရှိသည်။

"အဝတ်ပြင်ပြီးပါပြီ သခင်လေးရှင့်"
"အင်း ထားခဲ့"

အဖြူရောင် မှန်တင်ခုံကြီးရှေ့ ထိုင်လိုက်သည့် သခင်လေး မျက်နှာက အေးစက်မာကျောနေသည်မို့ Maid ကောင်မလေး လှစ်ထွက်လာခဲ့သည်။ ကော့နေအောင် မီးပူထိုး ထားသည့် အနက်ရောင် Suit တစ်ထည်ကို ဝတ်ဆင်လိုက်ပြီး မှန်လေးထဲက ကိုယ်မျက်နှာ ကိုယ်ကြည့်ရင်း နှုတ်ခမ်းဖူးဖူးလေးမှာ အပြုံးလို့ မဆိုစလောက်လေး ကွေးသွားသည်။

သူက ဒီ Alex Armanto အိမ်တော်ကြီးရဲ့ အငယ်ဆုံး မြေးလေး Grazie ။ ယောက်ျားလေးတန်မဲ့ ကြည်လင်တောက်ပနေသည့် အသားရည်ပေါ်က အနက်ရောင် မျက်ခုံးတန်းနှင့် ဆွဲငင်မှု ပြည့်ဝလှသော မျက်ဝန်းနက်နက်ရဲ့ ပေါင်ရစပ်မှုက မှင်သက်ဖွယ်။ ထပ်မံ အားဖြည့်ထားသည့် နှင်းဆီဖူးလို နှုတ်ခမ်းထွေးထွေးတို့ကလည်း သူ့အလှကို ပိုမို ပေါ်လွင်စေသည်။ Grazie ဆိုသည့် အမည်မှာ ဂျာမန်စကား die grazie ကို အခြေခံပြီး အမည်ပေးထားခြင်း ဖြစ်သည်။ အဓိပ္ပာယ်က လှပကျော့ရှင်းပြီး ကျက်သရေနဲ့ တင့်တယ်ခြင်းတဲ့...။

ပိုင်ဆိုင်ထားသည့် အလှနှင့် တူညီသည့် ပမာဏလောက် မာနနဲ့ မောက်မာမှုလည်း သူ့မှာရှိသည်။ တစ်အိမ်လုံးမှာ အာဏာအရှိဆုံးလို့ ခံယူထားပေမယ့် တချို့ကတော့ အမောက်မာဆုံးလို့ ကွယ်ရာတွင် ရှုံ့ချကြသည်။ သိပ်တော့ အာရုံမထား။ ကိုယ်မှန်တယ်ထင်ရင် လူသတ်ဖို့တောင် မကြောက်တဲ့ သူမျိုးမို့ပင်။

Amor is so DummWhere stories live. Discover now