Ep-4

5.5K 949 82
                                    

Unicode;

'ဒါက အိမ်မက် မဟုတ်ဘူး လက်တွေ့ဘဝပဲ မင်း မခံစားမိဘူးလား ဆေးထိုးခံရတာကို နာနေတာ, ဗိုက်ဆာနေတာတို့ကို.. မောက်မာတဲ့ မင်းအတွက် ပြစ်ဒဏ်'...။

အတွေးတို့ ဆုံးသည်နှင့် Jimin တောက် တချက် ခေါက်လိုက်မိသည်။ တော်တော် အဓိပ္ပာယ် မရှိတာပဲ..။ ဘယ်လောက်ပဲ တမန်တော် ဖြစ်ဖြစ် သူများအတိတ်ကို ခွင့်ပြုချက် မတောင်းပဲ ပြောင်းရသလား.. လွန်တာပဲ..။ ကုတင်ပေါ်ထိုင်ရင်း အပြစ်မဲ့ စောင်ကိုသာ အညှိုးဖြင့် ကန်နေမိလိုက်သည်။

"Hyung ကျွန်တော် ဝင်ခဲ့မယ်နော်"

အခန်းအပြင်မှ အသံကြောင့် Jimin သက်ပြင်းသာ ကြိတ်ချမိလိုက်သည်။ ပြောင်းလဲခွင့်မှ မရှိတာ.. လက်ခံရုံပေါ့..။

"အင်း"

Jimin ဖြေသံလေးအဆုံးမှာ အခန်းတံခါး ဖွင့်သံနဲ့အတူ Jungkook ဝင်လာသည်။

"အဝတ်တွေ ကျွန်တော်ပဲ လျှော်လိုက်မယ်နော်.. Hyung က နေသိပ်မကောင်းတော့ မလျှော်စေချင်ဘူး စိတ်ပူလို့"
"ငါက လျှော်မယ် ထင်နေလား"

Jimin မကျေနပ်တာတွေ အကုန် Jungkook အပေါ် ပုံချမိသည်။ မကြည်သလို မေးလိုက်တဲ့ Jimin မေးခွန်းကြောင့် Jungkook ကြောင်အမ်းအမ်းဖြင့် ခေါင်းလေးသာသာ ငြိမ့်ပြရင်း

"အရင်က ကျွန်တော် လျှော်မယ် ပြောလည်း Hyung က အတင်းလု လျှော်ခဲ့တာမို့ ကျွန်တော်က အခုလည်း Hyung အတင်း လျှော်မှာစိုးလို့ပါ"

သူများအဝတ် မပြောနဲ့ ကိုယ့်အဝတ် ကိုယ်တောင် တစ်ခါမှ မလျှော်ဖူးတာမို့ Jimin မျက်မှောင်သာကြုံလိုက်မိသည်။

"ဒီမှာ.. Jeon Jungkook"
"ဟုတ်ကဲ့"
"အရင်က ငါ ဘယ်လိုနေထိုင်ခဲ့လဲ မသိပေမယ့် ဒီနေ့ကစပြီး ငါက မင်းသိတဲ့ငါ မဟုတ်ဘူး အဲ့တော့ မကွာရှင်းချင်ရင် ငါ ခိုင်းတာလုပ် ငါပြောတာနားထောင် အတွန့်မတက်နဲ့.. ကြားလား"

Jimin စကားကြောင့် Jungkook အနည်းငယ် ဆွံ့အသွားမိသည်။ သူရဲ့ ချစ်လှစွာသော Jimin ဆိုတာ သူ့ကို လေသံမာမာ နဲ့တောင် ပြောဖူးတာမဟုတ်..။ စိတ်ဆိုးနေရင်တောင် နှုတ်ခမ်းလေးစူပြီး ချွဲတတ်တဲ့ အကြင်ခင်ပွန်းလေးက နေ့ချင်း ညချင်း မျက်နှာ ရှစ်ခေါက်ချိုး အထက်စီးဆန်ဆန် ပြောနေတာကြောင့်ပင်။ ခက်တာက ကိုယ်တိုင်ကိုက စိတ်မဆိုးပဲ ထို အရိုင်းတုံးလေးအား အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိပါသတဲ့လေ...။

Amor is so DummWhere stories live. Discover now