Ep-9

4.2K 805 128
                                    

Unicode;

"Taehyung လေး Hyung ကို ဒီနေ့လည်း မနေ့က ထမင်းလိပ်လေး ဝယ်ပေးပါဦး ငါက ခေါက်ဆွဲပြုတ်ထားလိုက်မယ်.. ထမင်းလိပ်နဲ့ ခေါက်ဆွဲပြုတ်လေး တွဲစားရအောင်... ဒါဆို မင်းလည်း ပိုက်ဆံသိပ်မကုန်တော့ဘူး ဗိုက်လည်းဝတယ်"
"အိုခေ Hyung"

အတိုင်ပေါက်ညီနေတဲ့ နှစ်ယောက်ကို လက်ပိုက်ကြည့်နေရင်း Jimin စိတ်ထဲ အလိုမကျမိ။ ဘာကိုအလိုမကျမိမှန်း ကိုယ့်ကိုကိုယ် မသေချာပေမယ့် 80% လောက်ကတော့ Taehyung ချမ်းသာရဲ့သားနဲ့ ဒီဆိုင်မှာလာပြီး ဆံပင်ဆိုင်သူဌေး အလကားကျွေးသမျှ ငြိမ်စားနေခြင်းကို ဖြစ်မည် ထင်သည်။

"ဒီမှာ ဆံပင်ဆိုင်သူဌေး.. ခင်ဗျားမှာ ဝန်ထမ်း နှစ်ယောက်ရှိတာနော်.. မျက်နှာမလိုက်လွန်းဘူးလား.. ဒါနေ့လည်စာစားချိန်လေ ငါလည်း အစာအိမ်ပါတယ်"
"ခါတိုင်း စားမလားဆိုတော့ နိမ့်ကျတဲ့ ဟာတွေ မစားချင်ပါဘူးဆို အမြဲငြင်းနေပြီး.. အခုမှ Hoseok Hyung ကို အပြစ်တင်နေတယ် လွန်လိုက်တာ.."

Taehyung တိုးတိုးလေး ပြောလိုက်ပေမယ့် Jimin ကြားဖြစ်အောင် ကြားလိုက်သေးသည်။ ခပ်စူးစူး အကြည့်တို့က Taehyung ကို လောင်ကျွမ်းမတတ် ကြည့်နေသည်မို့ Hoseok ကပဲ ကြားထဲကနေ

"Jimin အတွက်ပါ ဝယ်ခဲ့ခိုင်းလိုက်မယ်နော်.. ဟိုရက်တွေက ကိုရီးယားစာ မကြိုက်ဘူးပဲ ပြောနေလို့ မမေးမိတာပါ"

အရင်ရက်တွေက ကျွေးတုန်းက ကိုယ်တိုင်က ငြင်းခဲ့သူမို့ Jimin ဒေါသတို့ မြိုသိပ်လိုက်ရင်း

"ငါးအူချောင်းပါ ဝယ်ခဲ့.. ငါ အဲ့တာကြိုက်တယ်"
"ပေး ပိုက်ဆံ"

Jimin ရှေ့တွင် လက်ဖဝါးဖြန့်ကာ ငွေတောင်းလိုက်မိတာကြောင့် Taehyung ခေါင်းပေါ် လက်တစ်စုံ ကျူးကျော်လာလေတော့သည်။

"Ya~~ နာတယ်ကွ.. Park Jimin ငါ့ဆံပင်တွေကို လွှတ်"
"မင်းက ငါ့ကို ဘာအတွက် အမိန့်ပေးရတာလဲ.. ဟင်.. ငွေလေး နည်းနည်းရှိတာနဲ့ ငါ့ကို လွှမ်းမိုးနိုင်မယ် ထင်နေလား.. မင်း ပိုက်ဆံရှိတာလောက်ကတော့ ငါက ဖုန်လုံးလေးတွေလို ချေလိုက်လို့ရတယ် ရှင်းလား.. မလွှတ်နိုင်ဘူး"
"ဟာကွာ... တော်ကြပါတော့"

Amor is so DummWhere stories live. Discover now