Ep-12

4.2K 754 87
                                    

Unicode;

"Park Jimin ငြိမ်နေလှပြီလား... ဘာတွေ ကြံနေပြန်ပြီလဲ မသိဘူး"

Jimin တစ်ယောက်တည်း ငြိမ်သက်စွာ အပြင်ဘက်အား ငေးနေသည်မို့ Taehyung တစ်ယောက် Hobi အနားကပ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ Hobi လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်

"ငါလည်း စိတ်ပူနေတာ.. သူ ဒီနေ့ တစ်နေကုန် ငြိမ်နေလို့.. မဟုတ်တာတော့ မလုပ်ထားလောက်ပါဘူးနော်"
"မပြောတတ်ဘူး.. သူက အကုန် လျှောက်လုပ်နေတာဆိုတော့"

တီးတိုးစွာ ဝေဖန်နေကြသည့် Hobi နဲ့ Taehyung စကားသံများအား Jimin မကြားနိုင်။ မြွေပွေးမနဲ့ လုပ်ခဲ့တဲ့ ဝမ် သိန်းတစ်ရာတန် အပေးအယူ တစ်ခုသာ တွေးနေမိသည်။ Jeon Jungkook ကို ဘယ်လို မြွေပွေးမ ထံ တွန်းပို့ရမလဲ ဆိုတာ တနေကုန် တွေးနေမိသည်။ ၃ ရက်အတွင်း ပို့နိုင်ရင် အကောင်းဆုံး ဖြစ်မှာ...။

"မောင် လာကြိုပါပြီ"

ထုံးစံအတိုင်း ညနေစောင်းလေးမှာ အပြုံးတို့နဲ့ အတူ Jungkook ရောက်လာသည်မို့ Jimin ထိုင်နေရာမှ ထလိုက်သည်။ အမြဲ တောက်ပစွာ ပြုံးတတ်သည့် Jungkook က ဒီနေ့လည်း ဖြူစင်စွာပါပဲ ပြုံးလျက် Hobi ဘက်လှည့်ကာ

"ဟီး... ဒီနေ့ပြသနာရှာသေးလားဟင်"
"ငြိမ်လွန်းလို့ ငါတောင် အံ့ဩနေတာ"

Hobi အဖြေကြောင့် Jungkook အကြည့်တို့ Jimin ထံ ရောက်လာသည်။ Jimin သတိထားမိပေမယ့် ဂရုမစိုက်သလိုနေရင်း

"ပြန်ကြစို့"
"ပြန်ပြီနော် Hyung တို့"

အရင် ထွက်သွားနှင့်တဲ့ Jimin နောက်ကို Jungkook က အကျင့်မပျက် အကုန်လုံးကို နှုတ်ဆက်ပြီးမှ ပြေးလိုက် သွားလေသည်။ Taehyung နဲ့ Hobi မတိုင်ပင်ပဲ သက်ပြင်း ပြိုင်တူချလိုက်မိသည်။

"Park Jimin ငြိမ်နေတာက ဘာလို့ ခါတိုင်းလို သောင်းကျန်းနေတာထက် ပိုကြောက်ဖို့ ကောင်းနေရတာလဲ"
"ငါလည်း မသိဘူး... မုန်တိုင်းမလာခင် လေငြိမ်နေသလိုပဲ.. ကြောက်စရာကြီး"

Hobi ခန္ဓာကိုယ်လေး တုန်ကာ ပြောလိုက်သည်မို့ Taehyung လည်း Hobi ကြည့်ကာ ပြုံးလိုက်မိသည်။ ခိုးချစ်ရတာလည်း မလွယ်ပါဘူး ဒါပေမယ့်လည်း ချစ်စရာကောင်းတယ် Hyung...။ ...........။

Amor is so DummWhere stories live. Discover now