Ep-16

4.9K 826 145
                                    

Unicode;

"အငယ်လေး မနေ့က ထုတ်တဲ့ ပိုက်ဆံကို ဒီနေ့ပြန်သွင်းထားတယ် ဆရာ"

အတွင်းရေးမှူး ဦးလေးကြီးရဲ့ စကားကို Mr.Jeon က ခေါင်းတညိမ့်ညိမ့်ဖြင့်

"အင်း.. ဒီကောင်ဘာတွေ လုပ်နေမှန်းကို မသိတာ"
"ATM တင် မဟုတ်ပဲ ဘဏ်အထိ တကူးတက သွားထုတ်ထားတာကို သွားပြန်သွင်းတယ်ဆိုတော့.."
"ငါတို့ကို Location ရှောင်ချင်တဲ့သဘောလားတော့ မသိဘူး သူထုတ်ထားတဲ့ ဘဏ် အနီးတဝိုက်က မြို့နယ်တွေပါ ရှာလိုက်"
"ဟုတ်ကဲ့ ဆရာ"

နွေရာသီအား နှုတ်ဆက်ချိန် တန်နေပြီမို့ မိုးကလည်း အမြဲ တရိပ်ရိပ်နဲ့ လွမ်းဆွေးစဖွယ် ကောင်းလှသည်။ မိုးကျတာနဲ့ အမြဲ ဘီဘီ ဆံသဆိုင်လေးကလည်း လူသူကင်းမဲ့နေလေသည်။

"ဧည့်သည့်မရှိတော့ ပျင်းစရာကြီးနော်.. မိုးအေးအေးနဲ့ ခေါက်ဆွဲလေး ပြုတ်စားကြမလား"

Hobi စကားကြောင့် Jimin ထိုင်ခုံလေးပေါ် လှဲလှောင်း နေရာမှ ဆက်ကနဲ ထလိုက်သည်။

"ဆံပင်ဆိုင် သူဌေး ဝင်ငွေနဲ့ ထွက်ငွေရော လောက်ရဲ့လား.. ခုနာကမှ နေ့လည်စာ စားထားတာကို.. အဲ့လိုတွေ မလိုအပ်ပဲ သုံးဖြုန်းနေလို့ ဒီကြွက်တွင်းထဲက မထွက်နိုင်တာ.. ကျွတ် ကျွတ် ကျွတ်"

အခန်းကျဉ်းလေးထဲ ရှေးဟောင်းတီဗီ ပိုင်ရှင်အား ရွဲ့မေးလိုက်သည့် Jimin မေးခွန်းကို Hobi က သဘောကျသလို တခစ်ခစ်ရယ်ရင်း

"မပူပါနဲ့ကွာ.. ငါက လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ကို ဦးစားပေးတဲ့လူပါကွ.. မင်းပြောတဲ့ ငါ့ကြွက်တွင်းလေးမှာ ငါပျော်တယ်"
"မင်းက ဘာလို့ Hobi Hyung ကို ဆရာကြီး လုပ်နေရတာလဲ.. မလိုအပ်ပဲ သုံးဖြုန်းနေတာ Hobi Hyung မဟုတ်ဘူး မင်းကွ.. ကိုယ်စီးထားတဲ့ ဖိနပ် ကိုယ် ငုံ့ကြည့်ဦး.. ဟွန်း"

အိုးကမပူပဲ စလောင်းက ပူနေတဲ့ Taehyung စကားကြောင့် Jimin စိတ်တိုသလိုကြည့်ရင်း

"အမြင်မတော်လို့ ပြောနေတာ.. ပြီးတော့ ငါကြိုက်တဲ့ ဖိနပ် ငါဝယ်စီးတာ.. ငွေထုတ်ပေးတဲ့ Jeon Jungkook တောင် ဘာမှမပြောတာ မင်းက ဘာဆရာကြီး ဝင်လုပ်နေတာလဲ"
"အေးလေ တူတူပဲပေါ့.. Hobi Hyung တောင် ဘာမှမဖြစ်တာ မင်းက ဘာတွေ ဖြစ်နေတာလဲ.. ခေါက်ဆွဲပြုတ်ပြီးရင် သူလည်း ဝင်စားတာပဲကို"
"Ya! ဆံပင်ဆိုင် သူဌေးတောင် ငါ့ကို ဘာမှ မပြောတာ မင်းက ဘာဖြစ်နေတာလဲ.."

Amor is so DummWhere stories live. Discover now