Ep-5

5.8K 861 63
                                    

Unicode;

"Hyung.. ထတော့လေ.. Hyung.."

Jungkook အသံကြောင့် Jimin အိပ်ရာထဲကနေ လူးလွန့် ထလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံး မြင်လိုက်ရတဲ့ အပြုံး အကြီးကြီးကြောင့် မျက်နှာနားကပ်နေသည့် ကောင်လေးရဲ့ ခေါင်းကို နဖူးချင်း တိုက်ချလိုက်သည်။

"အာ့.. Hyung.. မောင်က Hyung အလုပ်နောက်ကျမှာစိုးလို့ လာနိူးတာကို"
"လာနိူးတာ မျက်နှာကြီး ကပ်ပြီး နှာဗူး အကြည့်နဲ့ ကြည့်နေစရာ လိုလို့လား"

မိုးလင်းတာနဲ့ ဘုကလန့်ဖြင့် စတင်လိုက်တဲ့ Jimin စကားကြောင့် Jungkook က တခစ်ခစ် ရယ်ရင်း ဘေးနားက စောင်ဆွဲခေါက်ကာ

"မောင်က ချစ်လို့ကို"
"တိတ်စမ်း.. အဲ့လို အော်ကလီဆန်စရာ စကားတွေ ငါ့လာမပြောနဲ့လို့ ပြောထားတယ်မလား"
"ဟုတ်ပါပြီဗျာ.. ဒေါသလေးလျော့ပြီး ရေသွားချိုးလိုက်ဦး Hyung အလုပ်သွားရမယ်လေ"

စောင်ခေါက်နေရင်း ပြောတဲ့ Jungkook စကားကို Jimin က မျက်မှောင်ကြုံလျက်

"Beauty Saloon ဆိုတာကြီးကိုလား မသွားနိုင်ဘူး"
"Hyung အိမ်မှာနေနေပြီး ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာထက်စာရင် ဟိုမှာကျ Hobi Hyung တို့ Hyung သူငယ်ချင်း Taehyung Hyung တို့နဲ့ စကားပြောဖော်ရတာပေါ့"

Jungkook စကားကြောင့် Jimin နည်းနည်းတော့ တွေဝေသွားသည်။ အမှန်အတိုင်း ပြောရရင် Grazie အဖြစ် ရပ်တည်ခဲ့တဲ့ တစ်လျှောက် သူငယ်ချင်းဆိုတာ မရှိခဲ့ပေမယ့် ဒီက Jimin မှာ သူငယ်ချင်း ဆိုတာမျိုး ရှိသည်ဆိုတော့ စိတ်ဝင်စားမိသွားသည်။ Jimin ရဲ့ တွေဝေ နေတဲ့ဟန်ကို Jungkook ရိပ်မိလိုက်တာကြောင့် ပြုံးလျက်

"အလုပ်သွားတယ် ဆိုတာထက် Hyung သူငယ်ချင်းတွေနဲ့ စကားသွားပြောတယ်လို့ပဲ တွေးလိုက်ပါ.. ကျွန်တော် Hobi Hyung ကို Hyung နေမကောင်းတဲ့ အကြောင်း လိုက်ပြောပေးမယ်"
"ငါက ဘယ်နား နေမကောင်း ဖြစ်နေလို့လဲ"

ချက်ခြင်း ရန်ပြန်ထောင်တဲ့ Jimin ကြောင့် Jungkook ရယ်လိုက်မိသည်။ ဒီ Hyung ကတော့ တကယ်ပါပဲ...။

"နေမကောင်းဘူးဆိုတာ Hyung အတိတ်မေ့နေတယ်လို့ ပြောချင်တာပါဗျာ.. ကဲ စိတ်လျော့ပြီး ရေချိုးလိုက်တော့နော် ကျွန်တော် မနက်စာပြင်ထားလိုက်မယ်"

Amor is so DummWhere stories live. Discover now