Ep-21

6.3K 896 322
                                    

Unicode;

"ငါ မင်းကို ထပ်ရောင်းစားခဲ့တာ မဟုတ်ဘူး တကယ်ပြောတာ"

Jungkook ပြင်ပေးတဲ့ ပူပူနွေးနွေး ကင်ချီထမင်းကြော်နဲ့ ကြက်ဥ half fried လေးရယ် မပါမဖြစ် sausage တိုလေးတွေရယ်ကို ညစာအဖြစ် ပလုတ်ပလောင်း စားသုံးရင်း ဖြေရှင်းပြနေတဲ့ ဆရာကြီးပေါက်စအား Jungkook မေးထောက်ပြီးတော့သာ ငုတ်တုတ် ထိုင်ကြည့်နေလိုက်သည်။ တကယ် တစ်ရက်ထဲ ဝေးခဲ့တာပါ.. ဒါပေမယ့် အခုထိ အလွမ်းမပြေ သေးတာတော့ ကိုယ်တိုင်လည်း မတတ်နိုင်။

"ငါလည်း အတိတ်မေ့နေတာလေ.. မင်းတို့ကြား ဘာတွေဖြစ်ခဲ့လဲ ငါမှမသိတာ.. မင်းက ငါ့အမေ့ကို ကောင်းကောင်းဆက်ဆံပေးလို့ ငါလည်း မင်းအဖေကို ပြန်ကောင်ကောင်းဆက်ဆံပေးမယ် ဆိုတဲ့ အတွေးနဲ့ လုပ်ခဲ့တာ.. အဲ့တာကိုမှ သူက ပိုက်ဆံတွေ ရုတ်တရပ် ချပေးတော့ ငါလည်း ရုတ်တရပ်ဘာလုပ်ရမှန်း မသိဖြစ်သွားတာ"

ပလုတ်ပလောင်းစားရင်း ပြောနေသည်မို့ ပါးနှစ်ဖက်ကလည်း ထမင်းကြောင့် ပြည့်ဖောင်းနေပြီး မေးစေ့နားမှာလည်း ထမင်းစေ့တချို့ ကပ်တွယ်နေလေသည်။ Jungkook က အသည်းယားစွာ ငေးကြည့်ရာမှ ရယ်လျက် ထိုမေးစေ့နားက ထမင်းစိလေးအား ဖယ်ရှားပေးလိုက်ရင်း

"ဟုတ်ကဲ့ပါ Hyung ရယ်.. မောင် သိပါပြီ ထမင်းလေး အရင် ကုန်အောင်စားလိုက်ဦး.. ပြီးမှ ဆက်ပြောလေနော်"
"Ya.. ငါ မတရားခံရတာကို ခံပြင်းလွန်းလို့ ပြောပြနေတာ.. မင်းသိလား ငါကလေ ငါမဟုတ်တာ လုပ်ခဲ့ရင်တောင် မကောင်းမြင်ရင် မကြိုက်ဘူး အဲ့တာကြောင့် ငါမလုပ်ပဲနဲ့ မကောင်းမြင်ခံရတာကို ပိုလို့တောင် မကြိုက်ဘူး"

Jimin စကားကြောင့် Jungkook က နွေးထွေးစွာပြုံးလျက်

"မောင် Hyung ကို မကောင်း မမြင်ပါဘူးဗျ.. တကယ်လို့ Hyung ထပ်ရောင်းခဲ့တယ် ဆိုရင်တောင် ခုလို ပြန်လာခေါ်ပေးတာနဲ့တင် မောင်က စိတ်ဆိုးပြေနေပြီ"

Jungkook စကားကို Jimin က သဘောကျစွာ ရယ်လေတော့သည်။

"မင်းက တကယ် ငတုံးလေးပဲ"
"တကယ်ပြောတာဗျ.. အစကတော့ ထပ်ရောင်းစားပြန်ပြီ ဆိုပြီး နည်းနည်းလေး နာကျည်းခဲ့ပေမယ့် တဖက်မှာလည်း လွမ်းလွန်းလို့ သေတော့မလိုပဲ"

Amor is so DummWhere stories live. Discover now