Ep-23

6.5K 872 252
                                    

Unicode;

"Jeon Jungkook ဒီကိုလာစမ်း! ****, ***** ငါ သတ်ပစ်မှာ"

အခန်းထဲကနေ အာခေါင်ခြစ်အော်နေတဲ့ ဆရာကြီး ပေါက်စ အသံကြောင့် Jungkook မနက်စာပြင်နေရာမှ ရယ်မိသွားသည်။ နိူးလာရင် ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။ မီးဖိုပေါ်က ပေါင်မုန့်ကြက်ဥ ကြော်နေရင်း တန်းလန်း မီး အောက်ဆုံးထိ လျော့ကာ အခန်းလေးဆီ ပြေးသွားရသည်။

"လာပါပြီဗျ"
"သောက်နှာဗူးကောင် မင်း လူမဟုတ်ဘူးလား.. ****"

အခန်းထဲ ဝင်လိုက်တာနဲ့ တွေ့ရာနဲ့ ကောက်ပေါက်နေတဲ့ Jimin ကြောင့် Jungkook လက်နှစ်ဖက် ခေါင်းပေါ်တင်ကာ ဒူးထောက်လိုက်ရတော့သည်။

"အမှားလုပ်မိပါတယ်ဗျ"

အခန်းထဲပြေးဝင်လာပြီး ရောက်လာတာနဲ့ ဒူးထောက်လိုက်တဲ့ ကောင်လေးက အပေါ်ပိုင်း အဝတ်မပါ ဗလာကျင်းနဲ့ အောက်ပိုင်း boxer short သာ ဝတ်ချင်ထားပြီး Apron ဝတ်ထားသည်မို့ Jimin မျက်မှောင်ကြုံ့ကြည့်မိသည်။

"မင်းက ဘာကိစ္စ အခုထိ အဝတ်မပါတာလဲ"
"ဟီး မောင်လည်း ညက အားအကုန် ထုတ်လိုက်တာ နည်းနည်း ပင်ပန်းသွားလို့ အိပ်ရာထနောက်ကျနေတာ.. ခုထိ ရေမချိုးရသေးဘူး မနက်စာအရင်ပြင်နေတာမို့.. ဘာလို့ မေးတာလဲဟင် ညကလို.. ထပ်လိုချင်သေးလို့လား ဟီး"

တစ်ခုခုကို မျှော်လင့်နေသလို ပြုံးရွှင်၍ မော့ကြည့်လာသည့် မျက်လုံးဝိုင်းလေးတွေက ချစ်စရာကောင်းတာ မှန်ပေမယ့် Jimin အနားက ခေါင်းအုံးနဲ့ လှမ်းထုလိုက်လေသည်။

"သောက်ရူး.. နှာဗူးကောင်.. မနေ့ညက သူများသားသမီးကို ကိုယ်ချင်းမစာ.. ဒါတောင် ဘာတွေ ထပ်မျှော်လင့်နေတာလဲ"
"ဟီး.. တကယ် တောင်းပန်ပါတယ် Hyung ရယ် မောင်လည်း တူတူ မနေတာ ကြာနေတော့ နည်းနည်း.. စိတ်မထိန်းနိုင် ဖြစ်သွားတယ်"
"နည်းနည်း..!! မင်းအဘပဲ နည်းနည်း.. ဒီမယ် ငါ ထိုင်ဖို့တောင် မနည်း အားပြုနေရတာကို နည်းနည်းတဲ့ သောက်ရူး.. လူလို သူလိုမလုပ်ဘူး မသိရင် နတ်ဆိုးဝင်ပူးနေတဲ့ အတိုင်းပဲ"

Jimin အနားမှာ ရှိတဲ့ ခေါင်းအုံး ဖက်လုံး cushion အကုန်ကုန် ပြီမို့ နောက်ဆုံးတစ်ချက် ပြင်းပြင်းလေး ပစ်ပေါက်ပြီး အဆုံးသတ်လိုက်ရသည်။ Jimin အနား ပစ်ပေါက်စရာ ကုန်သွားမှ အခန်းဝမှာ ဒူးထောက် လက်မြောက်ထားတဲ့ ကောင်လေး ဒူးထောက်လျက် တစ်လှမ်းချင်း ကုတင်နား တိုးလာလေသည်။ ဒါကို Jimin လည်း သတိထားမိလိုက်သည်မို့ မျက်မှောင်ကြုံ့ကြည့်ရင်း

Amor is so DummWhere stories live. Discover now