Ep-22 ⚠️

8.3K 876 277
                                    

Unicode;

"မောင့်ယောက်ျား.. မောင့်အသည်း.. မောင့်အချစ်ဆုံး"

အိပ်ရာထက် လူးလွန့်နေတဲ့ Jimin အား အနမ်းမိုးများ ရွာသွန်းပေးနေရင်း နားရွက်နား တိုးတိုးလေး ကပ်ခေါ်လိုက်နေတဲ့ ကောင်လေးကြောင့် Jimin အိပ်ပျော်နေရာမှ ကြိုးစားထလာသည်။

"ရှစ်နာရီ ထိုးနေပြီလား"
"အင်း.. ထိုးနေပြီ.. ထတော့နော်"

ဖြေရင်း ထပ်ပြီး နမ်းဖို့ကြိုးစားနေတဲ့ Jungkook မျက်နှာအား လက်ဆန့်ကာ လက်ဖဝါး ဖောင်းဖောင်းလေးဖြင့် တွန်းထားလိုက်ရင်း

"တော်ရုံပဲ အသားယူစမ်းပါ မျက်နှာတောင် မသစ်ရသေးဘူးဟ.. ငါ ဆဲမိတော့မယ်"
"မောင်က ချစ်လို့ပါ"

ပြောပြီး လက်ဖဝါးဖောင်းဖောင်းလေးကို တမွစ်မွစ် မြည်အောင် အနမ်းပေးနေတဲ့ ကောင်လေးကို Jimin ဆံပင်ဆောင့်ဆွဲ ခြင်းဖြင့် တနေ့တာကို အစပြုလိုက်သည်။

"အာ့.. နာတယ် Hyung"

မျက်နှာငယ်လေးနဲ့ သနားစဖွယ်ဟန် ပြုလုပ်နေတဲ့ မျက်လုံးဝိုင်းလေးတွေကြောင့် Jimin ရယ်ရင်း ဆွဲထားသည့် ဆံပင်တွေအား လွတ်ပေးပြီး ပါးနှစ်ဖက်ဆီ အလှည့်ကျလိုက်သည်။

"မနာချင်ရင် ငါရပ်ဆို ရပ်လိုက်လေ"

ကိုယ့် ပါးနှစ်ဖက်ကို ဆွဲကာရမ်းနေတဲ့ ကောင်လေးက ကလေးပေါက်စလေးလို ပြုမူနေလေသည်မို့ Jungkook ပိုအသည်းယားလာသည်။

"မောင့်ကို ချစ်လားဟင်"

ကလေးတစ်ယောက်လို လဲလျောင်းနေသည့် Jimin ရင်ဘတ်ပေါ် မေးလေးတင်ရင်း မေလာသည့် Jungkook ကြောင့် Jimin နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ ဆွဲထားသည့် ပါးနှစ်ဖက်အား ညင်သာစွာ ဂျုံနယ်သလို ကစားရင်း

"Ich liebe dich so sehr (အစ်ရှ် လီဘီ ဒစ်ရှ် ဆိုး ဆဲယား)"
"ဟင့်.. အဲ့တာ ဘာကြီးလဲ.. မောင်မှ မသိတာ"
"မသိရင် လေ့လာပေါ့.. ဖယ်တော့ ငါ ရေချိုးတော့မယ်"

Jungkook အသာတကြည်ဖယ်လိုက်ပြီးမှ

"မောင် ဝင်စရာလေး ရှိလို့ ဒီနေ့ အလုပ်သွားနှင့်မယ်နော် အပြန်မှ စောစော လာကြိုမယ်"
"ဘယ်ကို ဝင်စရာရှိတာလဲ"

Amor is so DummWhere stories live. Discover now