Ep-24

5.6K 917 175
                                    

Unicode,

လေးဘက်လေးလံ အမှောင်ထု လွှမ်းမိုးနေတဲ့ ဟာလာပြင်နေရာတစ်ခုမှာ အဖြူရောင် မြူမှုန်တွေမှတပါး ဘယ်မှ မမြင်ရပါ။ စမ်းတဝါးဝါးနဲ့ လျှောက်နေရာမှာ ရလိုက်တဲ့ အဆုံးသတ်ဟာ မြူမှုန်တွေတောင် မမြင်ရတော့ဘူး ဆိုတာပါပဲ။ အသက်မပါသလို လျှောက်သွားနေရင်း ရုတ်တရပ် မြင်ကွင်းထဲ ပေါ်လာသည့် ကားနဲ့ Cotton Candy လှည်းကြားထဲက ကျောပြင်ကျယ်ကြီး..။ ဟင့်အင်း.. ဒါတွေက အစစ် မဟုတ်ဘူး.. ငါ Grazie ပြန်ဖြစ်ရင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားမှာ...။

သတိပေးနေတာလား ဆုတောင်းနေမိတာလား မသဲကွဲပေမယ့် ရင်ဘတ်ထဲက အောင့်ပြီး အသက်ရူပင် ကြပ်လာသည်။ အသက်ဝအောင် လုရူလေ မွန်းကြပ်လာသလို ခံစားရလေမို့ လေထုထဲမှာ အောက်စီဂျင် ပြတ်လတ်နေပြီလားလို့တောင် တွေးမိသည်။ အသက်ရူဖို့ အတင်းရုန်းကန်နေမိရင်းမှ လွတ်မြောက်သွားသလို ခံစားချက်နဲ့ အတူ လန့်နိူးလာခဲ့သည်။

"အား.."

အသက်အရင်ဝဝ ရူရင်း ပတ်ဝန်းကျင်ကို အကဲဖြတ်ကြည့်လိုက်သည်။ အဖြူရောင် နံရံတွေ ရယ် အဖြူရောင် မျက်နှာကြပ်ရယ် အဖြူရောင် လိုက်ကာတွေရယ် အနားက ပန်းအိုးလေးတင်ထားတဲ့ စားပွဲဖြူလေးရယ် ခပ်လှမ်းလှမ်းက အဖြူရောင် ရေခဲသေတ္တာ ပုလေးရယ် ထိုရေခဲသေတ္တာဘေးက Flat TV တင်ထားတဲ့ TV စင်လေးရယ်..။ ဒါက Grazie အခန်းထဲမှာ မဟုတ်သလို Park Jimin နေတဲ့ ကြွက်တွင်းထဲမှာလည်း မဟုတ်။ ဒါက ဘယ်နေရာလဲ..။

"အို့... သခင်လေး သတိရနေပြီပဲ.. သခင်လေး သတိရနေပြီ"

ဝင်လာသည့် အဖြူရောင် ဝတ်စုံလေးနဲ့ သူနာပြု အမျိုးသမီးဆီမှ ထွက်လာတဲ့ ဂျာမန်ဘာသာ စကားကြောင့် သေချာတာကတော့ ဂျာမနီ ပြန်ရောက်နေပြီ ဆိုတာကိုပင်။ သူနာပြုလေးက ပြာယာခတ်စွာ ဒေါက်တာကို ပြေးခေါ်နေပေမယ့် လူနာကတော့ အသက် မရှင်ချင်သလို သက်ပြင်းရှည် တစ်ချက် ဆွဲချနေလေသည်။

"သွေးပေါင်ချိန်ရော နှလုံးခုန်နူန်းရော အရာအားလုံး ပုံမှန်ပဲမို့ ဆေးရုံက ဆင်းလို့ရပါပြီ.. ဒီကြားထဲ ပင်ပင်ပန်းပန်းတွေလည်း တအားကြီး မလုပ်ပဲ အသက်ရူ လေ့ကျင့်ခန်းလေး လုပ်စေချင်တယ်"
"လိုက်ကာတွေ ဖွင့်ပေးပါ.. အပြင်ကို ကြည့်ချင်တယ်"

Amor is so DummΌπου ζουν οι ιστορίες. Ανακάλυψε τώρα