Ep-10

5K 762 137
                                    

Unicode;

"ဒီနားကို Popo"

ညာဘက်ပါးကို ညွှန်းရင်း ပြောလိုက်တဲ့ Jimin စကားကြောင့် Jungkook စက္ကန့်ပိုင်းလောက် ကြောင်သွားသည်။ ထူးထူးခြားခြား လူကြားထဲ တောင်းဆိုတာမို့ အံ့ဩသွားမိတာတော့ အမှန်။ ဒါမျိုးက အတိတ် မမေ့ခင်ကတောင် လူရှေ့ တောင်းဆိုခဲ့တာ မဟုတ်ဘူး..။ တစ်ရုံးလုံးက လူတွေကလည်း ဝိုင်းကြည့်နေသည်မို့ မနမ်းပဲ တစ်ခုခု complaints တက်တာနဲ့ အိမ်ရောက်ရင် အကိုင်ခံရမှာက 100 မှာ 101% လောက်ထိ သေချာသည်။

ဖောင်းဖောင်းအိအိ ပါးပြင်လေးကို နှုတ်ခမ်းပါးလေးနဲ့ ဖိကာ ထိကပ်နမ်းလိုက်ချိန် ခံစားလိုက်ရတဲ့ နူးညံ့မှုက မသိရင် တိမ်တွေကို အနမ်းပေးနေသလို လို့တောင် ထင်မှတ်နိုင်သည်။ ကျွန်တော့် အရိုင်းတုံးလေးက မာကျောချင်ယောင် ဆောင်ထားတဲ့ တိမ်စိုင်ငယ်လေးပါ...။

မြွေပွေးမကို အနိုင်ယူပြမယ် ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ သူစိမ်း ကိုရီးယားအမျိုးသားကို နမ်းခိုင်းခဲ့တာ ဟော့ဒီက Park Jimin ကြီးပါ။ Jungkook အလုပ်သွားခါနီးတိုင်း အလစ်သုတ် သွားတတ်တဲ့ စိတ်တိုစရာ အနမ်းတွေမှ တပါး ကြည်ကြည်ဖြူဖြူ လက်ခံရမယ့် အနမ်းတစ်ပွင့်ရဲ့ အရသာကို မခံစားဖူးသူမို့ ကိုယ့်စကားနဲ့ကိုယ် စိတ်ထဲ ကလိလိ ဖြစ်နေပေမယ့် ဟန်ဆောင်ကာ ပြုံးနေ ပါးလေးပေးထားမိသည်။ ကဗျာဆန်ဆန်လေး ပါးပြင်နား တိုးကပ်လာတဲ့ နှုတ်ခမ်းပါးလေးနဲ့ ထပ်တူ ဖြစ်အောင်တော့ Jimin ကဗျာလိုက်မဆန်နိုင်ပါ။ ယောက်ျားတစ်ယောက်က နမ်းတော့မှာဆိုတာ တွေးလိုက်တာနဲ့တင် ရင်ထဲမှာ အော်ဂလီဆန်လို့မဆုံး။

တကယ်ကြီး ထိကပ်ချလိုက်တဲ့ အချိန်မှာ ခေတ္တမျှ အသက်ရူဖို့ပင် မေ့လျော့သွားသလို လေမတိုက်ပဲ ရင်ထဲကို တိုးဝင်လာတဲ့ လေထုကြောင့် အေးကနဲ ခံစားလိုက်ရသည်။ အမည်တပ်ရခက်တဲ့ အထိအတွေ့ကြောင့် Jungkook ကို စိတ်ထဲကနေ ကြိမ်ဆဲလိုက်မိသည်။ ဒီကောင် တကယ် နမ်းတာဟ..။

နှုတ်ခမ်းပါးလေးက နူးနူးညံ့ညံ့လေးပဲ ဝေးကွာသွာပေမယ့် Jimin ရင်ထဲ ခုလုခုလု ခံစားချက်ကြီး ကျန်နေခဲ့သည်။ ရင်ထဲ ကလိကလိ ဖြစ်ကျန်နေတဲ့ ခံစားချက်ကို ဘာ ဖြစ်နေပါတယ်လို့ ခေါင်းစဉ်တပ်ရမလဲ...။ ဆောင်းတွင်းမနက်ခင်းမှာ အစာမရှိပဲ ကော်ဖီအေး သောက်မိသလိုမျိုးပဲ..။

Amor is so DummWhere stories live. Discover now