Ep-6

4.5K 787 92
                                    

Unicode;

"Jeon Jungkook ဘယ်လိုဖြစ်တာလာလဲ"

Yoongi အမေးကို Jungkook သွားစိ ရယ်ပြလိုက်ပြီး ပုံပျက်နေတဲ့ Necktie နဲ့ ဆံပင်ကို ပြင်လိုက်ရင်း

"ဟီး ကျွန်တော့် ယောက်ျား သိပ် စိတ်အခြေအနေ မကောင်းလို့ Hyung ရေ"
"ငါ ဒါတွေကို သိလို့မြင်လို့ အိမ်ထောင်မပြုတာ"

Yoongi စကားကြောင့် Jungkook ညင်ညင်သာသာ ခေါင်းခါပြလိုက်ရင်း

"နိုး နိုး နိုး.. အဆိုးတွေကြီးပဲတော့ ဘယ်ဟုတ်မလဲဗျ.. ကျွန်တော့် ယောက်ျားဆို အကုန်နားလည်ပေးတယ် အရာရာ သည်းခံပေးတယ် အများကြီးလည်း ဂရုစိုက်ပေးတယ်.. အချစ်ခံရတယ်ဆိုတဲ့ အသိက တကယ် ပျော်ဖို့ကောင်းတာ"
"ဒါပေမယ့်လည်း မင်းအသက်အရွယ်နဲ့ အိမ်ထောင်ပြုခဲ့တာ စောလွန်းပါတယ်ကွာ"

Yoongi စကားကြောင့် Jungkook က ရယ်ရင်း

"ချစ်တာကိုးဗျ"
"ဟိတ် ဟိုနှစ်ယောက် စကားပေါမနေနဲ့ ဒီစာရင်းတွေ လာရှင်းစမ်း"

အထက်လူကြီး တာဝန်ခံ Gumshin အသံကြောင့် Jungkook ရော Yoongi ပါ ပြောလတ်စ စကားကို ရပ်ပြီး ပြေးကာ စားပွဲပေါ်က စာရင်းစာရွက်များအား ကပြာကယာ ခွဲယူလိုက်ရသည်။ တာဝန်ခံ Gumshin ကတော့ သူတို့နှစ်ယောက်အား ကျောခိုင်းလျက် တခြားသူများနှင့် ဟီးဟီးဟားဟား လုပ်နေလေသည်။

"ဟူး.. အထက်လူကြီး ပြောင်းရင် ပြောင်း မပြောင်းရင် ငါ အလုပ်ထွက်မှပဲ ရတော့မယ်"

အသံတိုးတိုးဖြင့် ပြောလိုက်တဲ့ Yoongi စကားကြောင့် Jungkook ခိုးရယ်လိုက်မိသည်။ ရယ်လို့က်မိပေမယ့် တကယ်တော့ အဲ့အတွေးက Yoongi တစ်ယောက်ထဲဆီမှာ ရှိတာ မဟုတ်။ အစိုးရ အခွန်ရုံးကို Jungkook စိတ်ဝင်စား၍ လိုလိုလားလားပင် လျှောက်ခဲ့ပေမယ့် အထက်လူကြီးကြောင့် တခါတလေ စိတ်ပျက်မိသည်။ အထက်လူကြီး တာဝန်ခံ Gumshin ဆိုတာ အပေါ်ယံကြည့်လိုက်ရင်တော့ သာမန် အမျိုးသား တစ်ယောက်။ အမြင်မှာ သဘောကောင်းသယောင်နဲ့ တကယ့်အတွင်းစိတ်မှာ သူ့ကို ဖားနေမှ ကြိုက်တဲ့ လူမျိုးမို့ Jungkook နဲ့ Yoongi တို့လို အေးအေးဆေးဆေး နေတတ်သူများအား အသားလွတ် မုန်းတီးနေတတ်သလို အလုပ်များ ပိုဖိခိုင်းတတ်လေသည်။

Amor is so DummWhere stories live. Discover now