Ep-11

4.1K 720 110
                                    

Unicode;

"ငါက ပုံမှန်ဆိုရင် သူများအကြောင်း စိတ်မဝင်စားပေမယ့်.."

Jimin ရဲ့ ဒီစကားချီကို ကြားလိုက်ရတာနဲ့ တစ်ယောက်ယောက်အကြောင်း စပ်စုတော့မယ်ဆိုသည့် သဘောမို့ Jungkook မနက်စာပြင်ရာမှ ခိုးပြုံးလိုက်သည်။ သူလည်း Jimin အသစ်အကြောင်း တော်တော် သဘောပေါက်လာပြီလေ...။

"မြွေပွေးမက မင်း မိဘတွေနဲ့ ရင်းနှီးတယ်ဆို"

Jimin အတိတ်မေ့ပြီး နောက်ပိုင်း ပထမဆုံးကြားလိုက်ရတဲ့ မိဘတွေ အကြောင်းမို့ Jungkook ဆွံ့အနေမိသည်။

"Hyung ကို Noona က တစ်ခုခု ပြောလို့လား"

Jungkook စိတ်လှုပ်ရှားစွာပဲ မေးလိုက်ပေမယ့် Jimin ကတော့ ဂရုမစိုက်သလို ဖျော်ရည်ဗူးလေးထဲကနေတဆင့် ဖန်ခွက်ထဲကို လိမ္မော်ရည် တချို့ကို ကူးပြောင်းနေလေသည်။

"မင်း မိဘတွေနဲ့ ရင်းနှီးတယ်လို့ပဲ ပြောတာပါ.. မင်း မိဘတွေက ဒီကပဲလား"
"ဘာ.. ဘာလို့လဲ"

တစ်ခုခုကို ရိပ်မိနေခဲ့တာလား..။ Jungkook တုန်လှုပ်နေမိသည်ကို Jimin ကတော့ သတိထားမိပုံမပေါ်။

"ဒီတိုင်း မေးကြည့်တာပါ.. မင်းက ငါ့အမေကိုသာ ခဏ ခဏ ဖုန်းဆက်နေတာ မင်းမိဘတွေကို ဆက်တာကြ မမြင်လို့လေ"
"အဲ့တာ.. ကျွန်တော့် မိဘတွေက နယ်ဘက်နေတာဆိုတော့ သိပ် လိုင်းမကောင်းလို့ မဆက်ဖြစ်တာပါ... ဟိုဟာလေ ဂွမ်ဂျူနယ်ဘက်မှာမို့"
"အဲ့တာ တူးတော့မယ် ထင်တယ်"

Jimin က မီးဖိုပေါ်မှ ပန်ကိတ်လေးအား မျက်စပစ်ရင်းပြောလိုက်သည်မို့ Jungkook အလျင်အမြန် တဖက်လှန်လိုက်သည်။ တစ်ခုခုကို ကြောက်ရွံ့နေသလို ဖြစ်နေတဲ့ Jungkook မျက်ဝန်းတွေကို ပန်ကိတ် တစ်ခြမ်းတူးသွားမှ Jimin သတိထားမိလိုက်သည်။ ဒီကောင် လုံးဝ မလိမ်တတ်တာပဲ... ဘာလို့ မိဘတွေ အကြောင်းပြောတာကို စိုးရိမ် တဲ့ပုံ ပေါက်နေရတာလဲ...။ ဘာဖြစ်နေမှန်း သိချင်ပေမယ့် မေးဖို့မကြိုးစားမိ။ သူများကိစ္စ စိတ်မဝင်စားဘူးဟု ကိုယ့်ကိုကိုယ် တိုးတိုးလေး အသိပေးလိုက်ကာ Jimin မနက်စာစားဖို့သာ ပြင်လိုက်သည်။

အမြဲ ကိုရီးယားစာ မစားနိုင်ဘူး ပြောပြီး တွေ့သမျှ အကုန် ကြိတ်နေပေမယ့် အလိုက်သိတဲ့ ကောင်လေးကတော့ ဒီနေ့အတွက် မနက်စာကို ပန်ကိတ်နဲ့ လိမ္မော်ရည်လေး စီစဉ်ပေးထားလေသည်။ ဒါတောင် ဆရာကြီးပေါက်စက မတင်းတိမ်နိုင်သေးသလို။ ပန်ကိတ်လေးပေါ် ငှက်ပျောသီး ပါးပါးလေးတွေ လှီးတင်ကာ ပျားရည်လေး စမ်းပေးနေသည့် Jungkook အား အလိုမကျသလို နှာခေါင်းရှုံ့ ကြည့်လိုက်ရင်း

Amor is so DummWhere stories live. Discover now