Extra-1

6.4K 810 169
                                    

Unicode,

"တောင်းပန်ပါတယ်.. ငါ အသစ်တွေ့နေပြီ ငါတို့ ကွာရှင်းကြရအောင်"

ကောင်လေးရဲ့ စကားကြောင့် စားပွဲပေါ်က ကော်ဖီခွက်လေးများဟာ အေးစက်သွား ဟန်ပေါ်သည်။ ထိုကောင်လေးကလည်း ပြောပြီးမှ စိတ်မကောင်းသလို သက်ပြင်းချရင်း စားပွဲပေါ်က  ကော်ဖီခွက်လေးအား ယူကာ မော့သောက်နေလေသည်။ ထို့နောက် တစ်ကမ္ဘာလုံး အမဲရောင် အတိ ကျသွားသည်။

"TV ဘယ်သူ ပိတ်လိုက်တာလဲ ငါသိတယ်နော်.. ကောင်းခန်းရောက်နေပြီ Jeon Jungkook!!"

ကျယ်လောင်သော အသံက အခန်းကျဉ်းလေးမှာ ပဲ့တင်မတတ် ဟိန်းထွက်သွားသည်။ ဥရောပ တစ်ခွင်လုံး စိတ်တိုင်းကျ ဟန်းနီးမွန်း ထွက်အပြီး တစ်နှစ်အကြာမှာတော့ အိပ်မက်ထဲက တိုက်ခန်းကျဉ်းလေးမှာပဲ အခြေချခဲ့ပေမယ့် မင်္ဂလာဆောင် ဓါတ်ပုံလေးမှတစ်ပါး တခြားမည်သည့်အရာမှ အိပ်မက်ထဲကလို ထပ်တူမကျပါ။ Luxury ဆန်ဆန် ဆိုဖာခုံရှည်များနဲ့ TV အကြီးစားကြီးဟာ တိုက်ခန်းကျဉ်းလေးနဲ့ မလိုက်ဖက်။ ထို့အပြင် တန်ဖိုးကြီး ကြွေပန်းအိုးများနဲ့ ခမ်းနားသော စားပွဲထိုင်ခုံများ၊ ခေတ်မှီသေသပ် လှပသော မီးဖိုချောင်ကောင်တာ၊ ရေချိုးခန်းကျဉ်းကျဉ်းလေးရှေ့က  အဝတ်လျှော်စက်နှင့် အခြောက်ခံ စက်ကြီး၊ အိပ်ခန်းကျဉ်းလေးထဲက တော်ဝင်ဆန်ဆန်ကုတင်ကြီး... တိုက်ခန်းကျဉ်းလေး ထဲမှ အရာ အားလုံးဟာ Grazie ဆန်ဆန်လေး ခမ်းနားတင့်တယ်နေလေသည်။ တကယ်ပဲ သခင်လေး Grazie ဟာ ပီသပါပေတယ်..။

"မောင့်ယောက်ျားရာ.. အဲ့လို အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ဇာတ်ကားတွေ စိတ်ဒုက္ခခံပြီး မကြည့်ပါနဲ့ဆိုဗျာ"

ဘယ်အချိန်ကတည်းက ပြန်ရောက်ပြီး နောက်မှာရောက်နေမှန်း မသိသော Jungkook ပြောတာကို Jimin ဂရုမစိုက်သလို ဟန်ပြုရင်း Jungkook လက်ထဲက TV control ကိုသာ ဆွဲယူဖို့ ကြိုးစားလိုက်သည်။

"မင်းတို့နိုင်ငံကိုက ဒီလိုဇာတ်ကားမျိုးတွေပဲ လွင့်နေတာလေ ငါ့အပြစ်လား.. အပိုတွေ မပြောပဲ Control ပေးစမ်းပါ"

Jimin ထက် အနည်းငယ် ပိုရှည်သည့် အရပ်မို့ လက်မြှောက် ခြေဖနောင့်ထောက်ကာ ရပ်နေသည့် Jungkook အရပ်အား Jimin မမှီပါ။

Amor is so DummWhere stories live. Discover now