Ep-20

5.5K 881 271
                                    

Unicode;

'တီ.. တီ.. တီ.. တီ'

နှိုးစက်ကို ထပိတ်လိုက်ရင်း Jimin လေးလံစွာ နိူးထလာခဲ့သည်။ ညကလည်း ဘာမှမစားပဲ ငိုပြီး အိပ်လိုက်လို့လား မသိ အိပ်ရာက နိူးတာနဲ့ ဗိုက်ကအရင် ဆန္ဒပြလေသည်။

"Jeon Jungkook"

ယောင်ယောင်မှားမှား အော်ခေါ်လိုက်ပြီးမှ ဖြေသူမဲ့ မီးဖိုချောင်လေးကြောင့် Jimin ကိုယ့်နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သက်ပြင်းချလိုက်မိသည်။ ခုထိဘာတွေ ဖြစ်သွားမှန်း သူ သေချာမသိသေး။ သေချာတာကတော့ Jungkook သူ့ကို အထင်လွဲအောင် Jungkook အဖေ ကိုယ်တိုင်က လုပ်လိုက်တာဆိုသည်ပင်။ ရေခဲသေတ္တာထဲက အေးစက်စက် ယိုဘူးလေးထုတ် ပေါင်မုန့်ထုတ်လေး ဆွဲယာကာ ပေါင်မုန့်လေးအပေါ် ယိုသုတ်ရင်း သက်ပြင်းထက်ချမိပြန်သည်။ ငါစားချင်တာ ဒါမှမဟုတ်တာ...။

ပြန်ရစ်ဝိုင်းနေမိတဲ့ မျက်ရည်စတို့ကို ဖယ်ရှားရင်း Jimin ကိုယ်တိုင်လည်း နားမလည်။ အမြဲ စကားများသံတွေနဲ့ ဆူညံ့နေခဲ့တဲ့ တိုက်ခန်းကျဉ်းလေးဟာ 'မောင့်ယောက်ျား' နာမ်စားလေးနဲ့ အစပျိုးပေးမယ့် Jungkook မရှိတော့ ကျယ်ဝန်းနေသယောင်ယောင်နဲ့ အထီးကျန်စရာ ကောင်းလှသည်။ Jeon Jungkook သာ မရှိရင် Park Jimin ရဲ့ ဘဝကြီးက ပျင်းစရာကြီးပေါ့.. ။ ဒါမှမဟုတ် သူ Jungkook အပေါ် အများကြီး သံယောဇဉ် တွယ်နေမိခဲ့ပြီလား...။

အေးစက်စက် ခြောက်ကပ်ကပ် ပေါင်မုန့်ယိုသုတ်လေး စားရင်း ရေခဲသေတ္တာထဲက နွားနို့ တစ်ဗူး ယူသောက်လိုက်သည်။ သောက်နေကျလို နွားနို့ နွေးနွေးလေးမဟုတ်တော့ သက်ပြင်းချမိပြန်သည်။ မိုးလင်းတာနဲ့ အသင့်ပြင်ထားပေးတဲ့ မနက်စာပူပူနွေးနွေးဟာ ဘယ်လောက် အဖိုးတန်ကြောင်း Jimin သိလိုက်ခဲ့ရသည်။ ဒါဟာ မနက်စာရဲ့ ပါဝင်ပစ္စည်းများနဲ့ မဆိုင်ပါ။ လုပ်ပေးတဲ့ စားဖိုမှူးရဲ့ စေတနာနဲ့ ချစ်ခြင်း မေတ္တာ တရားကြောင့်လည်း ဖြစ်ကောင်ဖြစ်လိမ့်မည်။

"ဟိုတမန်တော်က ငါ ဒီလို ဂျာမနီ ပြန်ချင်တဲ့ အချိန်ကျ မေးခွန်းလာမမေးဘူးလား လွန်လိုက်တာ.."

ပေါင်မုန့် ယိုသုတ်လေးကို တစ်ကိုက်ကိုက်ရင်း တစ်ယောက်ထဲ တီးတိုး ညည်းညူလိုက်မိသည်။ ရှုပ်ထွေးနေတဲ့ အခြေအနေကြီးကို လွတ်ချခဲ့ပြီး Grazie နေရာပဲ အမြန်ဆုံး ပြန်ရောက်ချင်မိတော့သည်။ နွားနို့ခွက်လေးကို ကိုင်ရင်း ဧည့်ခန်းနားရောက်လာပြီး မင်္ဂလာဆောင် ဓါတ်ပုံလေးကို ငေးကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

Amor is so DummWaar verhalen tot leven komen. Ontdek het nu