Ep-15

4.8K 814 170
                                    

Unicode;

'လှေကားထစ်နိမ့်လေးပေါ်မှာ ထိုင်ရင်း..
မင်းငါ့ကိုစောင့်နေတာတွေ့ရင်..
မင်းနောက်တစ်ကြိမ်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်..'

အပြင်မှာသည်းထန်စွာ ကျနေသည့် မိုးစက်တွေအပြင် ဘတ်စ်စကားပေါ်က ဖွင့်ထားသည့် ရေဒီယိုလေးမှ သီချင်းသံလေးကလည်း အဆွေးဓါတ်ကို အားပေးနေလေသည်။ Jungkook သက်ပြင်းတိုးတိုးလေး ချရင်း လက်သန်းကြွယ်ပေါ်က လက်စွပ်ငယ်လေးအား အကြောင်းမဲ့ ညင်သာစွာ ထိတွေ့နေမိသည်။ ပိုင်ဆိုင်နေရသေးတာတောင် ကံကောင်းနေပြီမို့ အရာအားလုံးကို မေ့ပြီး Hyung ညှို့ငင်ရာအနောက် လိုက်ပါရစေ...။

အိမ်နဲ့ အဝေးဆုံးမှတ်တိုင် တစ်ခုမှာ Jungkook ဆင်းလိုက်သည်။ သည်းထန်စွာရွာနေတဲ့ မိုးကြောင့် ထီးဆောင်းထားပါလျက် မိုးရေတချို့ စင်ကုန်သည်။ အနီးတဝိုက် ဘဏ်ရှာလိုက်ပြီး မိုးထပ်မစိုအောင် ခပ်မြန်မြန်လေး ပြေးဝင်သွားသည်။ .........။

တနေကုန် တိတ်လိုက် ရွာလိုက်နဲ့ တစီစီ ချနေတဲ့ မိုးကြောင့် ဘီဘီ ဆံသဆိုင်လေးဟာလည်း လူသူကင်းမဲ့လို့ နေလေသည်။ Hobi ကတော့ ဧည့်သည်မလာလို့ မျက်နှာလေး ညှိုးငယ်နေပေမယ့် Jimin ကတော့ ပျော်နေမိသည်။ ဆံပင်လာလုပ်သူများ ထိုင်သည့် ကျောမှီ ဆိုဖာခုံလေးမှာ ထိုင်ရင်း ခြေထောက်အား ရှေ့က မှန်တင်ခုံဆီ တင်ထားရင်း YouTube က ဟာသတိုလေးတွေကြည့်ကာ သာယာနေလေသည်။

"Hyung ဒီကောင့်ကို အလုပ်ထုတ်ပစ်သင့်နေပြီ မဟုတ်ဘူးလား"
"ကန်တော့ဆို ကန်တော့ပါ့မယ့် Park Jimin ကို ရန်သွားမစပါနဲ့ Taehyung ရယ် ငါ နားပူလွန်းလို့ပါ"

လက်အုပ်ချီကာ ပြောလိုက်တဲ့ Hobi စကားကြောင့် Taehyung က သဘောကျစွာရယ်ရင်း

"ငါးနာရီ ထိုးတော့မှာပါ Hyung ရယ်.. သည်းခံလိုက်ပါ ခဏနေ သူ့ယောက်ျား လာကြိုလိမ့်မယ်"
"ငါးနာရီ ထိုးတော့မှာလား"

Jimin လှည့်မေးလိုက်တဲ့ စကားကြောင့် Hobi ရော Taehyung ရော ရေခဲရိုက်ခံရသလို တောင့်ခဲသွားသည်။ သူမကြားအောင် တိုးတိုးလေး ပြောနေပါတယ်ဆိုမှ သူက ကြားသေးတာလား..။

"ဘာကြောင်နေကြတာလဲ မေးတာမဖြေပဲ... ဘာလဲ ငါ့အတင်းတုပ်နေကြတာ ငါ သိသွားလို့လား"

Amor is so DummWhere stories live. Discover now