Ep-3

6.4K 956 33
                                    

Unicode;

"လူနာအမှတ် 13. Jeon Jimin ဝင်လို့ရပါပြီ"

သူနာပြုဆရာမလေးရဲ့ ခေါ်သံကြောင့် Jimin မဲ့လိုက်မိသည်။ လက်ထဲက booking နံပါတ်ကဒ်လေးကို ကြည့်လိုက်တော့လည်း 13 ပေမယ့် Jimin မထပဲ ပေထိုင်နေလိုက်သည်။ Nurse မလေးရဲ့ စကားကြားသည်ကိုတောင် မထပဲ ထိုင်နေသော Jimin ကြောင့် Jungkook လည်း ကြောင်သွားသည်။

"Hyung ထလေ သွားကြရအောင်"
"မသွားဘူး"

တခါထဲ အပြတ်ဖြေလိုက်သည့် Jimin မေးခွန်းကြောင့် Jungkook ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဘာဖြစ်ပြန်ပြီလဲ မသိသော ချစ်ရသူ မျက်နှာက အလိုမကျသလို စူပုတ်နေတာမို့ ယောက္ခမ မျက်နှာ အားကိုးတကြီး ပြေးကြည့်မိသည်။ အရိပ်အကဲ နားလည်တဲ့ ယောက္ခမကပဲ

"ဟဲ့ ဘာတွေ ကဂျီကဂျောင် ကျနေပြန်ပြီလဲ ဟိုမှာခေါ်နေပြီ သွားလေ"
"ဘာလို့သွားရမှာလဲ Park Jimin လို့ပဲ ဖြစ်ဖြစ် Alex Armanto Grazie လို့ပဲ ဖြစ်ဖြစ် ပြန်ပြင်မခေါ်မချင်း မထဘူး"

Jimin စကားကြောင့် အမေဖြစ်သူ ရော ဘေးက Jungkook ပါ ဆွံ့အနေမိကြသည်။ အမေဖြစ်သူက စိတ်မရှည်သလို Jimin လက်မောင်းကို တချက် ရိုက်လိုက်ရင်း

"ဘာ Grazie လဲ သူဖြင့် အဲ့နာမည် မသုံးတာ ကြာနေပြီကို ဘာတွေ ဘုကလန့်တိုက်နေပြန်ပြီလဲ ငါကိုယ်တိုင် Jeon Jimin နဲ့ စာရင်းပေးခဲ့တာ"
"အာ့.. နာတယ်ဗျ"

Jimin မျက်နှာ ရှုံ့မဲ့မဲ့နဲ့ ပြောလိုက်တာကြောင့် Jungkook ဘေးကနေ နေရခက်လာသည်။ ချစ်သူမျက်နှာ တစ်ကမ္ဘာ မှတ်ယူထားတာမို့ အမှည့်လွန်နေသည့် ခရမ်းချဉ်သီးလေးလို ရှုံ့တွတွ မျက်နှာထားကြောင့် ထိုင်မရ ထမရ ဖြစ်ချေပြီ။ လက်ထပ်ပြီး တစ်နှစ်ကျော်သည်အထိ ဒီလိုဖြစ်အောင် ကျွန်တော့်ကို ဘယ်လိုအစွမ်းတွေနဲ့များ ပြုစားထားပါလိမ့် Hyung ရယ်...။ မနေနိုင်သည့် Jungkook ကပဲ

"ကျွန်တော် Nurse လေးကို Park Jimin နာမည်နဲ့ ပြန်အော်ဖို့ သွားပြောလိုက်ပါ့မယ်"
"ဟဲ့ ဒီကလေးက Jeon Jimin ဖြစ်နေတာ မနေ့တနေ့ကလည်း မဟုတ်တော့တာကို ဘာမှပြင်စရာမလိုဘူး"
"ကျွန်တော်က ဘာကိစ္စ Jeon Jimin ဖြစ်နေရတာလဲ မဟုတ်မှလွဲရော အမေ Jeon လူကြီး တယောက်ယောက်နဲ့ လက်ထပ်ထားတာလား"

Amor is so DummWo Geschichten leben. Entdecke jetzt