Torture (1)

32.3K 733 11
                                    

           သူမအတွက် ဒီနေ့က အလုပ်နားရက်မို့ သူငယ်ချင်းများနှင့် လျှောက်လည်မုန့်စားရန် ချိန်းထားရာ ထိုနေရာသို့ စောရောက်နေသောကြောင့် လှည်းတန်းစင်တာဘေး၌ ထိုင်စောင့်နေရလေသည်။
ထိုအချင်းအရာဆိုသည်မှာလည်း သူမအတွက် စနေနေ့တိုင်း လုပ်ရသောကိစ္စ ဖြစ်လေရာ စောင့်နေရသော ထိုခဏတာကို မြန်မြန်ကုန်ဆုံးစေရန်အလို့ငှာ ဖုန်းထိုင်ဆော့နေရတော့သည်။ သို့ပေမဲ့ သူမအတွက် သာမန်နေ့ဆိုသည်မှာ ထိုသူနှင့် မ‌တွေ့ခင်ထိသာ ထိုစကားက အကျုံးဝင်လေသည်။

တစ်စုံတစ်ယောက်--- ဟင် မ

သူမအား တစ်စုံတစ်ယောက်မှ ခေါ်သည်ဟုထင်သောကြောင့် လှည့်ကြည့်လိုက်လေရာ အသက်ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်က သူမအား စိုက်ကြည့်‌နေကြောင်း တွေ့လိုက်ရလေသည်။

----- ကျွန်မကိုပြောတာလား

ထိုကောင်လေးက ပြုံးလိုက်ရင်း

တစ်စုံတစ်ယောက်-- မ ကျွန်တော် "မခ"လေ "မိုးမခ" မ ကျွန်တော့်ကို မမှတ်မိဘူးလား

သူက ထိုသို့ပြောခါမှ ငယ်ငယ်က သူမဘေးနား အမြဲကပ်နေတတ်သော ပေတီးပေစုတ် ကလေးမလေးအား ဖြတ်ခနဲ သတိရသွားတော့သည်။

***********************

လွန်ခဲ့သော8နှစ်ခန့်-

ကျူရှင်က ပြန်လာလာချင်း ထမင်းသွားစားရန် လွယ်အိတ်ချ၍ ထမင်းစားခန်းသို့ ဝင်မည်အလုပ် သူမတို့အသင်းမှ ကလေးငယ်တစ်ယောက်က သူမနားသို့ ပြေးလာ၍

ကလေး--- မကြီး သမီးတို့ကျောင်းကို လူသစ်ရောက်တယ် သိလား

-----ဟမ် ဟုတ်လား ဘယ်အသင်းလဲ

ကလေး--- သမီးတို့အသင်း မကြီးသိလား သူက ချောတယ်

----အေးပါဟာ ငါ ထမင်းသွားစား လိုက်ပါအုံးမယ်

သူမ ထမင်းစားပြီးတော့ ဆရာမများက ထိုကလေးအား ဆရာမများက အသင်း၌ နေရာချပေး နေလေပြီ။

သူမလည်း ထိုကလေးအား တစ်ချက်လှမ်းကြည့်မိပြီး စိတ်ထဲမှ မှတ်ချက်ပေးမိသည်မှာ "အချောလေးပဲ"ဟု

နောက်ပိုင်းတဖြည်းဖြည်းနှင့် သိလာရသည်မှာ ထိုကလေးက တကယ့်ကို လူ့ခွစာလေးပါပင်။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now