Torture (12)

10.9K 376 9
                                    

***Sexual words & Rape Plot Warning!!!!!!!!

ကားမောင်းပြန်တော့လည်း ခဏခဏ သူမလက်ကို လက်ငါးချောင်းယှက်ကာကိုင်လိုက် နမ်းလိုက်လုပ်နေတဲ့ မခ...

"မခရယ် ကားမောင်းတာ အာရုံစိုက်ပါအုံး"

ကြာတော့ သူမလက်ဝါး ချွေးဆေးတွေ ထွက်လာလေပြီ။

"အခုကျွန်တော် ဆေးခန်းထိုင်ရမှာ မကြောင့် အာရုံမစိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ"

"ဒါတော့ငါလည်း မသိဘူးလေ"

သူဆေးခန်းထိုင်တော့ သူမက ဘေးမှထိုင်ကာ လူနာတွေကို အာရုံစိုက်ရင်းကုသပေးနေတဲ့ မခကိုကြည့်ရင်း

***ကျေးဇူးတင်ပါတယ် ကလေးရယ် ကောင်းကောင်း ကြီးပြင်းလာခဲ့လို့

အဲ့ကလေးသာ ငယ်စဉ်က တစ်ခုခုကြောင့် ပျက်စီးသွားခဲ့မယ်ဆိုရင် အခုချိန်ဆို သူမရင်ကျိုးရမှာ‌။

"ညီမလေး အစ်မအိမ်သာဝင်ချင်လို့ ကလေး,ခဏကြည့်ပေးလို့ ရမလား"

"အော ဟုတ် ရပါတယ်"

ကလေးပိစိလေးက ချစ်စရာလေးပါပေ။ လက်ကလေးတွေက ဖောင်းဖောင်းလေး အထစ်ထစ်လေးတွေနဲ့။ သူမ အသဲယားစွာ ကိုင်ကြည့်တော့ ပိစိလေးက တအင်းအင်းတအဲအဲ လုပ်နေလေသည်။

***ချစ်စရာလေးဟယ် မခနဲ့သာရနိုင်ရင် အဲ့လိုကလေးလေး လိုချင်လိုက်တာ

သူ့အနားက "မ"ပျောက်သွားလို့ ရှာကြည့်မိတော့ ကလေးလေးကို ချော့မြူရင်း အလုပ်ရှုပ်နေတဲ့ "မ"ကို တွေ့ရလေသည်။ ကလေးထိန်းရင်း ကြည်နူးနေလေသလားပင်။ မမျက်နှာက ကြည်လင်ကာ တောက်ပနေသယောင်။ ဘေးနားက သူနာပြုဆရာမလေးက_

"ဆရာ့ကောင်မလေးက ကလေးချစ်တတ်တယ်ထင်တယ်"

သူလည်း ထောက်ခံတဲ့အနေနဲ့ ပြုံးရုံပြုံးပြမိရင်း_

***မရယ် ကျွန်တော်မအတွက် ကြိုးစားပြီး မိသားစုဘဝလေး ထူထောင်ပေးမှာပါ

::::::::::::::::::::::::::::::::::::::::::::::::::::::

"မရေ ထမင်းစားမယ်လေ"

တစ်ခြံလုံး နှံ့နေပေမဲ့ စောစောနကမှ အမှိုက်ပြစ်ရန် ထွက်သွားတဲ့ "မ"ကို မတွေ့သေးပါပေ။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now