Torture (5)

9.2K 368 5
                                    

ဖြတ်ခနဲမို့ သူမစိတ်ထဲ ဓာတ်လိုက်သွားသလို ခံစားရပြီး ရင်တွေလည်း တဆတ်ဆတ် ခုန်နေလေသည်။ ရှက်လွန်းလို့ ပူထူနေပြီး သူမကိုယ်သူလည်း ဘာတွေဖြစ်နေမှန်း သတိမရတော့ပါပေ။ မခတစ်ယောက်ကတော့ ထွက်သွားလေပြီ။ သူမတစ်ယောက်သာ အိမ်သာထဲ၌ ကြောင်တောင်တောင် ဖြစ်နေတော့သည်။
...........….…….............……………………

"ဘုရားရေ တကယ်ကြီး"

"မိခိုင်ရယ် တိုးတိုးပြောစမ်းပါ တစ်ယောက်ယောက်များ ကြားရင် ငါတော့..."

"ဘယ်လိုနေလဲ အိအိလေးလား"

"ကောင်မနော် ပိတ်ထားပါဆို"

"အောင်မလေး ရှက်နေရသေးတယ် မသိချင်ယောင်ဆောင်နေလိုက် ရတာကို"

"အေး ငါအခုသူနဲ့ မျက်နှာချင်းမဆိုင်ရဲဘူး သူ့ကိုကြောက်တယ် ငါ့ကိုယ်ငါလည်းရှက်တယ် ခေါ်လည်းမခေါ်ချင်တော့ဘူး"

"နင်တော့ သတိထားနေတော့ သူ့ကြည့်ရတာ ဘာမှမဖြစ်သလို ဟန်ဆောင်နေနိုင်တယ်ဆိုတည်းက အရင်တည်းက နင့်ကိုခိုးခိုးနမ်းနေလား"

"ပါးကိုတော့ နမ်းဖူးတယ်ဟ ငါကသဘောရိုးနဲ့ထင်လို့"

"ဒီအရွယ်တွေလေ ပါးကိုနမ်းတာ သဘောရိုးနဲ့လို့ ဆိုရအောင် နင့်ကြီးတော်လေး မခက မတောက်တခေါက်အရွယ်လေးလို့ ထင်နေလား ပြီးတော့လည်း အိပ်နေတဲ့ အချိန်မှာမှလေ ရူးပါပေ့ မိနေခြည်ရယ် နင်သူ့ကို မကြိုက်ဘူးဆို အပြတ်ငြင်းလိုက်လေ"

"ဒါပေမဲ့ သူကငါ့ကို ကြိုက်တယ်လို့လည်း ပြောတာမဟုတ်ဘူးလေ"

"ငါလည်း မသိတော့ဘူး"
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ကျောင်းတက်ဖို့အတွက် ဝတ်စုံချုပ်ရန် ပိတ်စဝယ်လာတော့ သူမနှင့် စကားသိပ်မပြောဖြစ်သော မခက အနားသို့ စပ်စပ်စုစု လာကြည့်လေသည်။ သူမကြိုက်သော စိမ်းပြာရောင်ဖျော့လေးအား

"လှလည်းမလှဘူး"

ခွန်းတုံ့ပြန်လိုသော်လည်း ဟိုတစ်နေ့ကကိစ္စ ပြန်တွေးမိလျှင် ရှက်မိသောကြောင့် မပြောဖြစ်တော့ပါပေ။ အဖြစ်မှန်သိသော သူမသူငယ်ချင်းမှာတော့ ပြုံးစိစိဖြစ်နေလေသည်။ ထို့ပြင် အလိုက်မသိစွာဖြင့်

Torture (Lesbian+++)(Uni-Zawgyi)Donde viven las historias. Descúbrelo ahora