Torture (19)

10.9K 269 6
                                    

****Sexual Plot Warning****
တကယ်ကို မထိတထိနှင့် တစ်နေ့လုံး နေလို့ထိုင်လို့ကို မကောင်း။ ဘယ်လိုမှ စိတ်ကူးမရပေ။ သူ့ကလေးက နောက်မီးလင်းနေသည်တဲ့။ ထိုအကြောင်းကို သူ့သူငယ်ချင်းမနှင့် ရင်ဖွင့်ဖြစ်တော့ ဟိုက-

"နင်အတွေးလွန်နေတာနေမှာပါ" တဲ့

မတတ်နိုင်။ မခနှင့် ပတ်သက်ရင် သေးသေးလေးကအစ သည်းမခံနိုင်တဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့ဩမဆုံးပါပေ။ အရာရာ နားလည်မှုပေးဖို့ကျပြန်တော့လည်း အဲ့လောက်ကြီး လွယ်မနေပါချေ။

"ခရယ် ငါ့မှာ ရင်ဘက်တစ်ခုလုံး တင်းကြပ်ပြီး ငိုပစ်လိုက်ချင်တာပဲ သိတယ်"
.................................................................
"ခွပ်!!!!!"

"ဟေ့ကောင် မင်းကများ လူပါးဝလို့ ငါ့ခြံဝင်းထဲထိ ဝင်လာပြီး မကို လက်နဲ့ထိဝံ့တယ်ပေါ့ ဟုတ်လား"

"မင်းနဲ့ဘာမှမဆိုင်ဘူးကွ ဒါငါနဲ့နေခြည့်ကိစ္စ"

"ခွပ်!"

"တော် တော်ပါတော့ ခရယ် တော်ပါတော့ ထပ်မထိုးပါနဲ့တော့"

"မင်းမင်း နင်ပြန်တော့နော် သွား သွား"

"ငါ..."

"ပြန်လိုက်ပါဟာ ငါတောင်းပန်ပါတယ်"

မခကို အတင်းဖက်ကာ တားတားမိရင်း မင်းမင်း ပြန်ထွက်သွားတော့ ခ,ကသူမကို ဆောင့်တွန်းကာ အိမ်ထဲဝင်သွားတော့သည်။

စူပုပ်ပြီး တွန့်ချိုးနေတဲ့ မခမျက်နှာက ခါတိုင်းထက်ပင် ပိုကြောက်စရာကောင်းသလို သူမလည်း သူ့ကြောက်လို့ စကားပင် စမပြောမိပါချေ။ ခဏနေတော့ သူမ မခရှေ့ချပေးထားတဲ့ ရေခွက်လေးက တစ်စစီဖြစ်ကုန်သည်။

"တောက်!!!"

"ငါ ငါတောင်းပန်ပါတယ် ခ"

"ကျွန်တော့်ကို ကျွန်တော့်ကို ဖုန်းမဆက်သင့်ဘူးလား မ"

"ငါက နင်မအားမှာစိုးလို့ပါ"

"အဲ့ကောင်က ခွေးသူတောင်းစား လူမဆန်တဲ့ကောင် မတော်လို့ မ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အိမ်မှာဘယ်သူမှလည်း ရှိတာမဟုတ်ဘူး"

"သူက သူက လာတောင်းပန်တာပါ ခရယ် သူငါ့ကို ဘာမှမလုပ်နိုင်ပါဘူး"

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now