Torture (10)

10.2K 323 3
                                    

"နင် နင် နင် မခ???"

"ရှူးတိုးတိုး"

"ဘယ်လိုလုပ် အိမ်ထဲကို??? ဒါဆိုညက အိမ်ထဲကိုဝင်လာတာ နင်နဲ့ တခြားတစ်ယောက်ပေါ့"

ရုတ်တရက် ဘာကြောင့်မှန်းမသိ မရဲ့ မျက်ဝန်းထဲမှာ ဒေါသအရိပ်ယောင်တွေ

"ဖယ်စမ်း ငါ မနက်ကျ အလုပ်သွားရမယ် နင်နဲ့ဒီလိုနေနေဖို့ အချိန်မရှိဘူး"

"မရဘူး!!! ဒီနေ့ ခင်ဗျားကျုပ်နဲ့ ဒီလိုပဲ နေကိုနေရမှာ"

မရဲ့စကားကြောင့် ဝမ်းနည်းစိတ်နှင့် စိတ်တိုတာပါရောကာ သူ့အသံက မာထန်သွား‌တော့သည်။ သူ့စကားကြောင့် မမျက်ဝန်းလေးထဲမှ မျက်ရည်တွေ ဝဲနေတာ ပြင်ပကလမ်းမီးရောင်ကြောင့် မြင်ရပါသည်။

မကို ပွေ့ချီကာ မအခန်းထဲသို့ ခေါ်သွားပေးတော့ သူအော်မိလို့ လန့်သွားလေသည်လားပင် ဘာမှမပြောဘဲ ငြိမ်နေတော့သည်။ ကုတင်ပေါ်တင်ပေးကာ စောင်ခြုံပေးတော့ စောင်ကို ခေါင်းထိဆွဲခြုံပစ်သည်။ သူလည်း ‌မဘေးမှာလှဲရင်း ခေါင်းထိဆွဲခြုံထားသော စောင်ကို အတင်းဆွဲခွာပြီး မကို သူ့ဘက်လှည့်စေကာ ရင်ခွင်ထဲ ထည့်ထားပစ်လိုက်တော့သည်။ သူ့ရင်ဘက်နဲ့ မရဲ့ ဝင်လေထွက်လေက လာကျီစားတော့ စိတ်အစဉ်က ခေတ္တ ဗလာကျင်းလို့ သွားပြန်သည်။ မနဲ့ နီးစပ်ဖို့ ဘယ်လောက် ကြိုးစားခဲ့ရသလဲ။ သူနဲ့မ,ကြား စောင်‌ပါးပါးလေးကတောင် အကွာအဝေး ဖြစ်နေလို့ မရပါပေ။

***မရေ ကြမ်းတာကြိုက်ရင် ကျွန်တော်က ကြမ်းလည်းကြမ်းပြတတ်တာမို့လို့ ကျွန်တော်နဲ့ဝေးဖို့ ထပ်မကြိုးစားပါနဲ့ဗျာ

::::::::::::::::::::::::::::::::::::::::::::::::::::::

ညကမည်သို့ အိပ်ပျော်သွားမှန်းပင် မသိလိုက်သော်လည်း နိုးလာတော့ ဘေးနားမှာ ဘယ်သူမှမရှိတော့။

***ဟင် အိပ်မက်လား အိပ်မက်လည်း မဖြစ်နိုင်ပါဘူး လတ်လတ်ဆတ်ဆတ်ကြီးကို

သူမလည်း အလုပ်သွားဖို့ပြင်ဆင်ရင်း အောက်ထပ်က ထိုအခန်းကို ချောင်းကြည့်ချင်သော်လည်း ဘာအသံမှ မကြားရသည့်အပြင် မနိုးသေးဘူးလားလည်း မသိနိုင်တာမို့ မလုပ်ရဲ။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now