Torture (3)

9.5K 376 5
                                    

"အစ်မ သမီးကို စိတ်ပူလို့လား"

သူမ ထရန် လက်ထောက်‌လိုက်သော်လည်း ထိုကလေးက သူမအား ဖက်ထားရာ ထ၍မရ။

"ဖယ်စမ်းပါ မခရယ် အမြင်မသင့်တော်ဘူး"

"ညီအစ်မအချင်းချင်း ဖက်တာပဲ ဘာကို အမြင်မသင့် ရမှာလဲ"

ထို့အပြင် သူမပါးပေါ်သို့ နှာခေါင်းနှစ်ထားတော့သည်။

"မခ ဖယ်စမ်းပါဆို"

"အစ်မပါးက သနပ်ခါးက မွှေးနေတာပဲ"

လွှတ်လွှတ်ချင်း ရင်ဘက်ကို ထုတာ ခံလိုက်ရသည်။

"သနားလို့ မလုပ်တာ အကောင်းမှတ်နေလား နင် အဲ့လိုလုပ်တာ သူတို့က ငါ့ကို အတင်းတုပ်ကြတာမှာပေါ့"

"-----"(ပြုံးလျှက်)

"အစ်မ သမီး စင်ကာပူက ပြန်လာတော့ အစ်မအတွက် ရေမွှေး ဝယ်ခဲ့တယ်"
(ခွင့်ပြန်တော့ သူ့အဘွားနဲ့ သွားခဲ့တာပါ)

ပြောပြောဆိုဆိုနှင့် သူ့သေတ္တာထဲက ဗူးအသေးလေးတစ်ခု ထုတ်လာလေသည်။ သူမလက်ထဲရောက်တော့ ဖွင့်လိုက်ရာ ဗူးလေး၏ပုံစံကအစ ချစ်စရာလေးပင်။

"အဲ့ဒါ ဘယ်လောက်ပေးရလဲ စင်ကာပူကဆို ဈေးကြီးလောက်တယ်"

"အွန်း မြန်မာငွေနဲ့ ၃၊၄သိန်းလောက် ရှိမလားဘဲ"

"အဲ..."

"ဘာလို့လဲ"

"နင်ပဲ စွတ်ပါ ငါ မယူတော့ဘူး တစ်ခါတလေမှ တောင်းစွတ်မယ်လေ"

"ယူပါ အစ်မရာ ဒီက ပေးချင်လွန်းလို့ကို"

"ဟင့်အင်း မယူဘူး အဲ့လောက်ကြီးက များလွန်းတယ်လေ"

"တကယ် မယူဘူးပေါ့"

"အင်း"

"တကယ်နော်"

"အင်းပါဆို"

"ခွမ်းးးး"

"အယ် မခ!!!"

သူမ အော်ပစ်လိုက်ရာ

"မလိုချင်ဘူးဆို သမီးလည်း မသုံးဘူး လိုမှမလိုတာ ခွဲပစ်လိုက်တာ ပိုကောင်းတယ်"

အခန်းက လူတွေက တစ်ခုခု ဖြစ်ပြီထင်ပြီး အပြေးအလွှား လာကြည့်ကြလေသည်။ ဆရာမပါ ပါသည်။ တစ်ခန်းလုံး ရေမွှေးနံ့တွေ မွှန်ထူကုန်တော့သည်။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now