Torture (6)

8.6K 330 3
                                    


မ သူ့အပေါ် အရင်လိုပြန်ခေါ်မယ် ထင်ခဲ့ပေမဲ့ သူ့အထင်နဲ့လွဲစွာ ပြန်မခေါ်ခဲ့ပါပေ။

***မ ထင်သလို စိတ်ကစားနေတာမျိုး မဟုတ်ဘူး လိင်တူလိင်ကွဲ ဆိုတာမျိုးလည်း မသိသလို ချစ်ပြီးရင်လည်း နောင်တရတာမျိုး ရှိလာမှာမဟုတ်ဘူး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တစ်ရက်တော့ အတင့်ရဲမျက်နှာပြောင်တိုက်စွာဖြင့် မခတစ်ယောက် သူမကုတင်၌ လာအိပ်နေလေသည်။ ကျောင်းပိတ်ရက်မို့ ဘာမှမလုပ်ဘဲ သာယာနေသည်ထင့်။ အခန်းသန့်ရှင်းရေးတွေ လုပ်ပြီးတည်းက အိပ်လိုက်တာ နေ့ခင်းလည်းမထ နေ့လည်ထမင်းစားပြီးတော့ သူမကုတင်၌ လာအိပ်‌လေသည် ညနေစာစားပြီးတော့လည်း ထပ်အိပ်သည်။ ကြာတော့ သူမလည်း စိတ်တိုလာလေသည်။ သူအိပ်တာက အကြောင်းမဟုတ်ပေမဲ့ ကုတင်ပေါ်လည်း ဘာမှတင်မရ ကုတင်ပေါ်မှာ စာလုပ်လေ့ရှိတဲ့ သူမအတွက် စာလည်းမလုပ်ဖြစ် အတော်ဒုက္ခရောက်လှသည်။

"မခ ဟဲ့ မခ ထတော့ နင်ကိုယ့်ကုတင်မှာကိုယ် သွားအိပ်လိုက်တော့ ငါစိတ်တိုလာပြီ"

သူမထိုသို့ပြောတော့ အိပ်မှုန်စုတ်ဖွားနှင့် ထသွားလေသည်။ ညပိုင်းကျတော့ ကလေးတွေက တီဗီကြည့်ကြသည်။ သူမကတော့ မနက်ဖြန် ကျောင်းတက်ရမှာမို့ ကုတင်ပေါ်မှာ စာကြည့်စားပွဲတင်ပြီး အိမ်စာတွေ ရေးနေရလေသည်။ စာရေးရင်း ခဏနေတော့ မိခိုင်ကသူမဘေးမှာ (စာကြည့်စားပွဲက ခေါက်ခုံ) လာလှဲကာ စကားပြောဖြစ်ကြသည်။ မခတစ်ယောက် သူ့ကုတင်မှာသူ နဖူးပေါ်လက်တင်ကာလှဲနေရင်း မိခိုင်နှင့်သူမ ရယ်ရယ်မောမော စကားပြောနေ‌သည်ကို စိုက်ကြည့်နေလေသည်။

"ဟဲ့ မခနင့်ကိုကြည့်နေတာ ကြောက်စရာကြီး"

"သိတယ် မကြည့်နဲ့ပြောလည်း ထူးမှာမဟုတ်ဘူး ကြည့်ပါစေ"

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နောက်နေ့ ညနေပိုင်း ကျောင်းကပြန်လာလာချင်း....

"အစ်မရေ မခ အစ်မရဲ့အိပ်ရာတွေကို ကပ်ကြေးနဲ့ တစ်စစီဖြစ်အောင် ညှပ်ထားတယ် အခုဆရာမသူ့ကို ရိုက်နေတယ်"

Torture (Lesbian+++)(Uni-Zawgyi)Où les histoires vivent. Découvrez maintenant