Torture (18)

11.2K 272 10
                                    

!!!!!!!!!!!!+++++++Warning!!!!!!!!!

ခေါင်းက မူးနေတဲ့အပြင် ထိုသို့ဖြစ်သွားတာကြောင့် ရုတ်တရက် အမှန်လို့မထင်မိသေး။ စိတ်ထဲ မူးနေတာကြောင့်လို့ ထင်လိုက်မိတာပင်။ သို့သော် တကယ်ကိုသန်တဲ့ လက်နှစ်ဖက်က တကယ်ကြီး သူမကို နောက်ခန်းသို့ ပွေ့ယူသွားတာပင်။ မျက်လုံးတွေကို အစည်းနှောင်ခံလိုက်ရသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ပွတ်သပ်မှုတွေနဲ့ နှုတ်ခမ်းပါးထဲသို့ ထိုလူရဲ့လျှာဖျားမှတစ်ဆင့် တွန်းပို့ခံလိုက်ရတဲ့ ဆေးတစ်လုံး။ ရုန်းကန်ဖို့လုပ်နေတဲ့ သူမအင်အားက ယုန်တစ်ကောင်နဲ့ အဆာလွန်နေတဲ့ ကျားတစ်ကောင်လိုပင်။ ထို့အပြင် ပွတ်သပ်ထိတွေ့မှုတွေနဲ့အတူ တစ်ရိပ်ရိပ်တက်လာတဲ့ ရမ္မက်မီးလျှံတွေ

***ဘုရားရေ မဟုတ်မှဒီလူငါ့ကို စိတ်ကြွဆေး ကြွေးလိုက်တာလား

ဆင်ခြင်နိုင်စွမ်းတွေပင် ပျောက်လုနီးပါး။ ဆိုးတာက ထိုလူရဲ့လက်ချောင်းတွေက အတွင်းခံထဲနှိုက်ကာ ခံစားရလွယ်တဲ့နေရာကို ပွတ်ဆွဲနေတာပင်။ မလှမ်းမကမ်းမှာ လိုက်စမ်းရင်း ဆောင်ထားတတ်တဲ့ ဓားမြောင်အသေးကို ဆုပ်ကိုင်မိစဉ်မှာပင် ‌သူမရှေ့က ထိုလူဆီမှ ရလိုက်တဲ့ Clearခေါင်းလျှော်ရည်နဲ့ သူမရဲ့ကလေး ဆွတ်တတ်တဲ့ ရေမွှေးရဲ့ ရောထားတဲ့ရနံ့ကပင် အဆုံးမရှိတဲ့ ရမ္မက်နွံထဲ သူမကို တွန်းချလိုက်သလို။

***သူမရဲ့ ကလေးလေးများလား

အပွတ်အသပ်က ဆင်တူနေသော်ငြား ထိုလူက အနမ်းခံယူဖို့ ငံ့လင့်နေတဲ့ သူမအား နှုတ်ခမ်းပါးထံ တစ်စက်လေးမှပင် မနမ်းပါချေ။ ပစ္စည်းထဲဝင်လာတဲ့ လက်ချောင်းများကလည်း ညင်သာမှု စိုးစဉ်းမှရှိမနေသော်ငြား သာယာမှုကြောင့် ခန္ဓာကိုယ်က ကြက်သီးများပင် ထလာချေပြီ။

***ငါ့ကလေးလေးက ငါ့ကိုတယုတယ နမ်းရတာ သိပ်သဘောကျတယ်လေ

"နမ်း နမ်းပေးပါ"

ထိုအစား သူမလည်ပင်းထက်သို့ ကြမ်းရှရှလက်တစ်ဖက်က မတိုးလွန်းမလျော့လွန်းဘဲ ဆွဲညှစ်လာလေရာ အသက်ရှုကျပ်ရမယ့်အစား ထပ်ကာသာ တိုးတိုးလာတဲ့ လိုချင်တပ်မက်မှု။ ထို့နောက်မှာတော့ သူမကိုယ်သူမ ဘာလုပ်မိနေမှန်း ဘာပြောမိနေမှန်း မသိတော့တဲ့ အခြေအနေပါပေ။ နားထဲတွင်တော့ ထိုလူရဲ့ ညည်းသံဩရှရှ ချွေးဆို့နေတဲ့ ကားမှန်ထက်က သူမရဲ့လက်ချောင်းရာတွေ။ သူမခဏခဏ တုန်ယင်မိန်းမောစေရတဲ့ ထိုလူ့ရဲ့အင်္ဂါ။ ထို့ပြင် ထွက်သွားခါနီး ပြောသွားတဲ့ ထိုလူ့စကားက သူမနားထဲသို့ သံရေပူတွေ လောင်းချသွားသည့်အလား။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now