Torture (20)

12K 295 5
                                    

*******++++& Dirty words Warning*******

"ထိုင်ပါ ကလေးမ"

သူမလည်း ယဉ်ယဉ်ကျေးကျေးပင် ထိုင်ကာ

"အန်တီက ဘာကိုအလိုရှိတာလဲ ကျွန်မကို ပြောလို့ရပါတယ်"

"ညည်းကိုအန်တီက မပါးနပ်ဘူးထင်တာ ပါးနပ်သားပဲ"

"လွယ်ပါတယ် အန်တီ့သမီးနားက ထွက်သွား"

"အဲ့လို ကျွန်မက မလုပ်ပေးနိုင်ရင်ရော"

"အဲ့ဒါဆို အန်တီကလည်း အားမနာတော့ဘူးနော်"

"ညည်းတို့ ဆရာမကြီးကို လိမ်လည်မှုနဲ့ တရားစွဲမယ်"

"မခကို သူ့ဗိုက်နဲ့သူ ကိုယ်ဝန်ဆောင်ရအောင် လုပ်ပေးလိုက်မယ် ငါ့မှာသူနဲ့ သဘောတူမယ့်သူ ရှိပြီးသား"

"မထင်ထားဘူး အန်တီ့ကို အဲ့လိုမျိုးလို့ အန်တီက အတော်ရက်စက်တတ်တာပဲ"

"ညည်းလည်း သမီးမိန်းကလေး မွေးတဲ့အခါ အဲ့ဒီသမီးက ပုံမှန်မဟုတ်ဘဲ လိင်တူချစ်ကြိုက်ပြီး ကိုယ့်မျိုးဆက်ကို မွေးပေးနိုင်ရဲ့သားနဲ့ မမွေးပေးတဲ့ သမီးမိုက်မျိုး ရှိကြည့်စမ်းပါ"

"ကျွန်မကတော့ အန်တီနဲ့ မတူဘူး ကိုယ့်သားသမီး စိတ်ချမ်းသာစေမဲ့ဟာမျိုးကိုပဲ ဦးစားပေးမှာပဲ"

"ညည်းကို တစ်လအချိန်ပေးမယ် အဲ့အချိန်အတွင်း ငါ့သမီးနဲ့ အပြီးဖြတ်ပေး"
--------------------------------------------------

ကော်ဖီဆိုင်ထဲ တစ်ယောက်တည်းကျန်ခဲ့ရင်း

"မကို စပရိုက်အကြီးကြီးတိုက်စရာ ရှိတယ် ကျွန်တော် ပြင်ဆင်နေသေးလို့"

"ဘယ်လို စပရိုက်လဲ ကလေး"

"ခုပြောပြရင် ဘယ်လိုလုပ် စပရိုက်ဖြစ်တော့မှာလဲ ချစ်ဆုံးရာ"

ပြောရင်း သူမပုခုံးပေါ် မေးလေးတင်လာပါတဲ့ သူမချစ်ရအားကိုးရပါတဲ့သူ။ အသံလေးကို ကြားယောင်နေမိသည်။

***ခရယ် ငါနင်ပေးတဲ့ စပရိုက်လေးတောင် လက်ခံပေးနိုင်ပါအုံးမလား
--------------------------------------------------

"ဖြစ်တယ်မလား မင်းမင်း"

"ဒီတစ်ခါပဲ ငါ့ကိုကူညီပါဟာ နော်"

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now