Torture (2)

11.5K 458 3
                                    

စာကျက်ရင်း စိတ်ပူလို့ သူ့ကို လှမ်းကြည့်တော့ သူက သူ့ကောင်မလေးနှင့် ဆော့တောင်ဆော့နေလေပြီ။ စောန သကြားရည် သောက်နေတုန်းကတောင် မျက်လုံးတွေက ထွေနေသေးသည်။
***ဒီကလေးကတော့.....
************************

"နေခြည်"က ညဘက် night study ဝင်ရတာမို့ ခြင်ထောင်တောင် မထောင်ဖြစ်ဘဲ အိပ်ပျော်သွားလေသည်။
သူ တရေးနိုးတော့ "မ"က မျက်နှာပေါ် စောင်တင်ကာ အိပ်ပျော်နေလေသည်။ "မ"က လင်းနေလျှင် မအိပ်တတ်ပါပေ။ ခြင်ထောင်ထောင်ပေးလိုက်ပြီး ခြင်ဝင်မှာ စိုးသောကြောင့် ခြင်ထောင်ထဲ ဝင်လိုက်ပြီး ပတ်ပတ်လည် အောက်က ခင်း‌ထားသော ဂွမ်းစောင်နှင့် လိုက်ဖိပေးလိုက်သည်။ ထို့နောက် မျက်နှာပေါ်တင်ထားသော စောင်အား အသာအယာဖယ်ကာ ဘေး၌ ချထားလိုက်သည်။ "မ"ကို ကြည့်လိုက်တော့ ဘာအိပ်မက်မက်နေလဲ မသိ ပြုံးကာ နှုတ်ခမ်းလေး အနည်းငယ် ဆူထားလေသည်။ စိတ်ထဲ ကလိကလိ ဖြစ်သွားရလေသည်။ အခန်းက မှောင်နေလေရာ သူ့အတွက် အခွင့်ကောင်းပါပေ။ ငုံ့ပြီး "မ"နှုတ်ခမ်းလေးအား ထိတယ်ဆိုရုံလေး နမ်းလိုက်မိပါသည်။ ထို့နောက် ပါးလေး.....

***Good nightပါ "မ"
*******************************

"မခ"က တကယ် ဉာဏ်ကောင်းလှသည်။ စာတစ်ပုဒ်ကို 5မိနစ်လောက် ကြည့်ရုံနှင့် အလွတ်ရသည်။ အဲ့ဒါကြောင့်ပဲလားမသိ အဲ့ကလေး စာကျက်ဖို့ အလွန်ပျင်းသည်။ လပတ် စာမေးပွဲမို့ အများတကာ စာကျက်နေချိန် သူက သူမဘေး စာရွက်ခေါက်ကာ ဆော့‌နေလေသည်။

"အစ်မရေ ဆရာမက မခကို စာကျက်ဖို့ လွှတ်လိုက်ပါတဲ့"

"မခ"ဘက်သို့ လှည့်လိုက်ပြီး

"ဟဲ့ သွားလေ စာကျက်ဖို့‌ ခေါ်နေတယ်မလား"

"စာတွေက ရပြီးသားတွေပါ အစ်မရယ်"

သူ့မျက်နှာက အေးဆေးပဲ ဆိုတာမျိုး

"ရပြီးသားတွေ လုပ်မနေနဲ့ ပြီးရင် နင်ပဲ စာမေးပွဲကျတာ"

"............"

"ဟယ် သွားပါဆို နင်တော့ ငါလုပ်လိုက်ရ....."

"လုပ်လေ အကုန် လုပ်လို့ရတယ်"

သူမ စာအုပ်နဲ့ ကောက်ပေါက်မလို့ ရွယ်လိုက်ရင်း

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now