Torture (8)

8.4K 366 6
                                    

မက မျက်လုံးလေးပြူးကြည့်ကာ

"ဘုရားရေ"

"ဆရာမ အဲ့ဒါက ဟို........"

"ရှင်းမပြပါနဲ့ ဆက်ကျော်သက်တွေပဲ ဆရာမ နားလည်ပါတယ် ဒါပေမဲ့ နောက်တစ်ခါ မဖြစ်စေနဲ့နော်"

"________________"

"ဘာလုပ်နေသေးတာလဲ မခ မသွားသေးဘူးလား"

ပြူးကြည့်လာသော ထိုဆရာမအား မခတစ်ယောက် မကြည်ကြည့်ကြည့်ပြီး သူမလက်အားဆွဲကာ ထွက်သွားလေသည်။

"မခရယ် တော်သေးလို့ပေါ့ အဲ့ဆရာမက မတိုင်လို့ မဟုတ်လို့ကတော့ ငါအပြစ်ပေးခံရလောက်တယ်"

"အဲ့ဆရာမကို အမြင်ကတ်လိုက်တာ ငါ့ကြိုက်နေလား မသိဘူး"

"မပြောရဘူးလေ မခရဲ့ အဲ့လိုမျိုးပြောရင် ငရဲကြီးလိမ့်မယ်"

"အင်းပါ သမီး စာသွားကျက်တော့မယ်"

သူမလည်း သိနေပါသည် အဲ့ဆရာမက တကယ်ကို ပုံမှန်မဟုတ်ဘူးဆိုတာကို။ တကယ်က သူတို့အဲ့လိုလုပ်နေတာမြင်လျှင် ရိုက်ဆုံးမတာဖြစ်ဖြစ် တစ်ခုခုလုပ်သင့်တာပေ။

--------------------------------------------------

"နေခြည်မ"

"ဟေ ဟေ ဘာလဲ"

နက်ဖြန်‌ ကျောင်းတက်ဖို့ ဟင်းချိုင့်အတွက်ပြင်ဆင်ရင်း ခိုင်လေးက ခေါ်တော့...

"ဟိုးးးမှာ လှမ်းကြည့်"

ဆရာမများ နားနေခန်းသို့ ခိုင်လေးက လက်ညိုးထိုးပြလေသဖြင့် လှမ်းကြည့်ရာ မြင်ကွင်းက အရမ်းသာသာယာယာတော့ မဟုတ်ပေ။

ဒေါ်မိမိငယ်နှင့်မခ အတူတကွ ထမင်းစားနေသည့်မြင်ကွင်း/စားနေတာလောက်က ဘာမှမပြောပလောက်သော်လည်း ထိုဆရာမက မခအား ထမင်းခွံ့ကျွေး‌နေပုံက မသိလျှင်....

ထွက်လာသော ဒေါသအားထိန်းရင်း

"ထားလိုက်ပါဟာ သူကြိုက်တာလုပ်ပါစေ ငါသူ့ကို လက်ခံထားတာလည်း မဟုတ်တော့ ငါ့မှာတားပိုင်ခွင့်မရှိဘူး ပြီးမှ အစ်မခေါ်ပါ လာလုပ်လို့ကတော့ သတ်ပစ်မယ်"

သူ့သူငယ်ချင်း အဲ့လိုပြောတော့ သူပင်ကျောချမ်းသွားရလေသည်။ နေခြည်က တော်ရုံတန်ရုံဆို ထိုသို့မကျိန်းတတ်ပေ။ တကယ်အဲ့လို လုပ်လာပြီဆိုရင်တော့ ဘယ်သူကမှ တားမရနိုင်အောင် စိတ်ကြီးလှပေသည်။
//////////////////////////////////////////////////////

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now