Torture (13)

12.7K 373 5
                                    

!!!!!!!! Lesbian Sexual plot Warning!!!!!!!!!

ဒီနှစ်ရန်ကုန် ဇန်နဝါရီရဲ့ မနက်ခင်းက မဆိုစလောက် အအေးပိုပါသည်။ သူ့ဘေးနား ချစ်ရတဲ့ ပုစွန်ထုပ်မလေးက ကွေးပြီးရင်းကွေးကာ သူ့ရင်ခွင်ထဲ တိုးဝင်လာနေသည်။

***ခင်ဗျားလေးကို ဘယ်သူမှ ကျွန်တော့်ရင်ခွင်ထဲက ဆွဲထုတ်သွားလို့မရဘူး သိရဲ့လား

ဒီနေ့က သူရော မ,ပါ ခွင့်ရက်ပြီးဆုံးပြီမို့ အလုပ်ပြန်တက်ရပေတော့မည်။ ခုရက်ပိုင်း မက စကားသိပ်မပြောသော်လည်း သူ့ဘေးနားသာ အချိန်ပြည့်ကပ်တွယ်ရင်းသာ။ အခုလိုဆိုတော့ သူကအချစ်ပိုကာ ပျော်ရပါသည်။ တကယ်တမ်း မက ငယ်ငယ်တည်းက သူမကိုလိုက်ကပ်တွယ်နေတာမျိုး မကြိုက်ခဲ့ပါပေ။ မကောင်းဘူးမှန်း သိသော်လည်း ဟိုငနဲကိုပဲ ကျေးဇူးတင်ရမလို။ ပါးလေးကို နှာခေါင်းနှစ်ကာ အကြာကြီးနမ်းရှိုက်ရင်း

"အသဲလေး ဒီနေ့ အလုပ်သွားရမယ်မလား ထတော့လေ"

သူကဆိုတော့ အသဲယားစရာ တအင်းအင်းတအဲအဲ လုပ်နေလေသည်။ ထို့နောက် မျက်နှာသစ် သွားတိုက်ရန်ထဖို့ပြင်နေတဲ့ သူ့ကို လက်နှစ်ဖက် ဆန့်တန်းပြကာ

"ချီသွားပေး ပျင်းတယ်"

ပြုံးလိုက်ရင်း မ တင်ပါးလေးအား နှစ်ချက်လောက် အသာပုတ်ကာ

"အွန်းးးး အသဲယားစရာလေး မရယ်"

ရေချိုးခန်းသို့ ခါးထစ်ခွင် ချီ‌သွားပေးရလေသည်။

ဟိုးအရင်တုန်းက "မ"က လူတွေနားမကပ်ဘူးလို့ ထင်ခဲ့တဲ့ကိစ္စကို အခုရုပ်သိမ်းချင်ပါသည်။ ဒါမှမဟုတ်လည်း သူ့ကိုမို့လို့ အရမ်းကပ်တာလည်း ဖြစ်နိုင်‌ပါသည်။

သွားတိုက် မျက်နှာသစ်ပြီးတော့ ခပ်ညစ်ညစ်ပြုံးကာ မကို

"ကျွန်တော် အင်္ကျီရော လဲပေးရမလား မ"

"ဟီး ရတယ် ကိုယ့်ဘာသာကိုယ် လဲမယ်"

"အပြင်ထွက်လေဟာ မခ ငါရှက်တယ်"

"အောာ အကုန်မြင်ပြီးသားကို"

"ဘာဖြစ်ဖြစ် ထွက်နော် လိမ္မာပါတယ် ကလေးက"

မနား ပါးလေးတိုးပေးတော့ အသာအယာ မွှေးရှာသည်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now