Torture (11)

10.2K 354 10
                                    

မိုးလင်းတော့ သူမကသူမအိမ် အိပ်ရာထက်မှာ

***ဟင် ညကငါ ဘယ်လောက်တောင် မူးသွားလို့ အိမ်ကအိပ်ရာပေါ်ကို ပြန်ရောက်လာရတာလဲ

ဘေးနားမှာတော့ မခ။ အိပ်နေသော သူ့ပုံလေးက သိပ်ချစ်စရာကောင်းတာကြောင့် ကုတင်ပေါ်က ထမသွားမိသေးပဲ အကြာကြီးကြည့်နေမိသည်။

***မခရယ် ငါမနာလိုဘူး နင့်ကောင်မလေးကို အဲ့လိုပင်ပန်းနေရတာကိုလည်း စိတ်ကုန်နေပြီ ချစ်ရလို့ပင်ပန်းရတာက ငါနဲ့မလိုက်ဘူး

မခအနည်းငယ် လှုပ်လာတာကြောင့် သူမလည်း မြန်မြန်ဆန်ဆန် ထသွားရန်ပြင်ရာ မခက သူမကိုပြန်ဆွဲချပြီး သူ့ရင်ခွင်ထဲ ထည့်ထားတော့သည်။

"မ,ရာ ပိတ်ရက်မလား ကျွန်တော်နဲ့ နည်းနည်းလောက် ပြန်အိပ်ပေးပါအုံးဗျာ ဘယ်မှသွားရတာလဲ မဟုတ်ဘဲနဲ့"

မျက်လုံးမဖွင့်ဘဲ ပြောနေသော မခက သူမငယ်ငယ်က ကြိုက်ခဲ့တဲ့ အခုလည်း ကြိုက်နေတဲ့ ကိုရီးယားအိုင်ဒေါလေးတွေနဲ့ပင် တူသလိုလို။

"ဘာလို့လဲ မ ကျွန်တော် ချောလို့လား အဲ့လောက်ကြည့်နေတာ"

"အင်း...ချောတယ်ဆိုတာထက် နင်က ခန့်တာ အဲ့လိုပြောရင် မှန်မလားပဲ"

"ဒါ‌ဆို မ ကြိုက်တယ်မလား"

"အောင်မာ ဆုတောင်းလေ ဘယ်သူက နင့်ကြိုက်လို့လဲ"

"အဲ့ဆုတောင်းက လွန်ခဲ့တဲ့၈နှစ်တည်းက ပြည့်ပြီးသားပါနော်"

"အဲ့ အဲ့ဒါက အရင်ကလေ အခုငါနင့်ကို မကြိုက်တော့ဘူး"

"သေချာလား မ ညကတင် ကျွန်တော့်ကိုမှမရရင် သေတော့မလိုဖြစ်နေတာ ဘယ်သူလဲမသိဘူး"

"အောင်‌မာ အောင်မာ..."

ကတ်ကတ်လန်အောင် ရန်တွေ့နေသော သူ့ရင်ခွင်ထဲကသူမကို မခက ပြုံးကာငုံ့ကြည့်လာလေသည်။

ထိုအခါမှ သူမခေါင်းထဲ ပုံရိပ်တွေက အစီအရီ.....

"မ ကြည့် အဲ့ဒါဘယ်ခွေးမလေး ကိုက်တာလဲ မသိဘူး"

မခက ကိုယ်ချင်းခွာကာ သူမအား သူ့လည်ပင်းနှင့် ပုခုံးတစ်ဝိုက်မှ ကိုက်ရာအကွက်တွေအား ပြလေသည်။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now