Torture (4)

8.9K 386 3
                                    

"ခိုင်လေး"

"အင်း ပြော"

"မခက ငါ့အပေါ် တစ်မျိုးပဲလို့ နင် မထင်ဘူးလား"

"အင်း"

"ဘာအင်းလဲ သေချာလဲမပြောဘူး"

"သူ နင့်ကို ကြိုက်နေတာ"

"နင် ဘယ်လိုသိလဲ"

"ဒီလောက် သိသာနေတာကို မခက တော်ရုံဆို သိပ်စိတ်မဆိုးစိတ်မညစ်တတ်ဘူး နင်နဲ့ ပတ်သက်ရင်တော့ မတူတော့ဘူး သူများကို နင် ဦးစားပေးတာမျိုး သူ့ကို အဖက်မလုပ်တာမျိုး မခေါ်တာမျိုးဆို သူ ပြဿနာရှာပြီ"

"ငါ သူ့ကို ညီမလေး တစ်ယောက်ထက် ပိုမြင်လို့မရဘူး နောက်ပြီး အချစ်ကိစ္စတွေ ငါ မယုံဘူး ငါတို့ကျောင်းက အချစ်တော်ကိစ္စတွေက ရှုပ်တယ် အချိန်တန်တော့လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်ကြမှာပဲ ဘာလို့ စိတ် အပင်ပန်းခံနေအုံးမှာလဲ"

"နင့်သဘောပါ ဒါပေမဲ့ တစ်ခုတော့ သတိပေးမယ် မခက ဆေးမမှီတော့ဘူး နင်မှနင် ဖြစ်နေပြီ သူ စရောက်ထဲက ငါ သတိထားမိတယ် အဲ့ကလေး နင့်ကိုပဲ လိုက်ကြည့်နေတာ နင်နဲ့ ပတ်သက်လာပြန်တော့လဲ သူ့ဘာသာ အချစ်‌တော်ထားပေမဲ့ သူ့အချစ်တော်ထက် နင့်ကို ပိုဂရုစိုက်တယ် နင့်နားပိုကပ်တယ် အခုမှ နင် သံယောဇဉ် မဖြတ်ရင် အဲ့ကလေးက နင့်ကို လွှတ်ပေးမှာ မဟုတ်တော့ဘူး"

ထိုခဏ မခ ရောက်လာသောကြောင့် စကားစ ပြတ်သွားလေသည်။

"အစ်မရေ ကျွင်းတူးတာ ဆော့ရမယ့် လူတွေ ခေါ်နေပြီ"

ကျွင်းတူးကစားနည်း ဆိုသည်မှာ နာရီလက်တံပုံစံ‌ဆော့ရလေသည်။ သူမတို့ကျောင်း၏ လွတ်လပ်ရေးနေ့ ကစားနည်းထဲက တစ်ခုဖြစ်လေသည်။ လူအများတန်းစီလျှက် ဒေါင့်ဆုံးက လူက ကျွင်းအသေးလေးထဲ ခြေဖနောင့် ချထားရသည်။ ထို‌‌ခြေဖနောင့် ချထားသူနှင့် ကျန်လူများက ခြေထောက်ကား၍ တစ်ယောက်နှင့်တစ်ယောက် ခြေချင်းထိကာ ခြေတကားစာ နေရာယူလျှက် ခြေထောက်ကားကာ တပြိုင်တည်း လက်ခုပ် အရင်တီးရလေသည်။ ထို့နောက် ဖနောင့်‌ချထားသောသူက အခြားသူများနှင့်  အတန်းလိုက် လက်တွဲကာ နာရီလက်တံ ပုံစံလှည့်ရလေသည်။ ထိုမှ လှည့်လို့ အရှိန်ရလာလျှင် ထိပ်ဆုံးက  တစ်ယောက်က လက်တွဲဖြုတ်ကာ အခြားတစ်ဖက်သူများမှ လွတ်ရာခပ်လှမ်းလှမ်းသို့ ပြေး‌ရလေသည်။ ထိုသို့ တစ်ယောက်စ တစ်ယောက်စနှင့် နောက်ဆုံး ကျွင်းတူးသူ အလှည့်ရောက်လို့ ထိုသူက လွတ်အောင် ပြေးနိုင်လျှင် ထိုဘက်က နိုင်ပြီဖြစ်သည်။ သူတို့မှ တစ်ယောက် အမိခံရလျှင် အခြားအဖွဲ့က တလှည့်ဆော့ရလေသည်။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now