Torture (9)

8.3K 368 7
                                    


သူ မစကားကို နားထောင်ပြီး ထိုဘူးလေးအား အိမ်ရောက်မှ ဖွင့်ဖြစ်ခဲ့သည်။
အထဲမှာက ယောက်ျားလေးပတ် နာရီတစ်လုံးနှင့် စာတစ်စောင်.....

စာထဲမှာ မရဲ့လက်ရေးလှလှလေးတွေဖြင့်

"မခ"

    ဒီစာကိုဖတ်ပြီး အိမ်ကနေ ပြန်ပြေးလာဖို့ မချောင်းနဲ့နော်။ ငါရိုက်သတ်မှာ။ အဲ့ဒီနာရီလေးကလေ နင့်မွေးနေ့တုန်းက ငါနင့်ကိုပေးဖို့အတွက် ဝယ်လာခဲ့တာ။ ဈေးကသိပ်မကြီးတာမို့လို့ ပေးဖို့မရဲလို့။ နောက်ပြီး မခ နင့်မှာ သူများကို ဆွဲဆောင်တတ်တဲ့ ဆွဲငင်အားတွေဘာတွေများ ရှိတာလား။ ငါနင့်ကို ချစ်တယ် မခ။

သူ့ရင်တွေ ကဆုန်ပေါက်ကာ ဒုန်းဒုန်းဒိုင်းဒိုင်း မြည်နေလေပြီ။ မက မက သူ့ကို ချစ်တယ်တဲ့။

"အားးးးးးးးးးး ပျော်လိုက်တာ"

သံယောဇဉ်က အရင်တည်းက ရှိတာပေမဲ့။ နင်ရဲ့ အပြောအဆို အပြုအမူတွေက ငါ့ကို မချစ်ချစ်လာအောင် ဆွဲဆောင်နေသလိုပဲ။ နင်မသိဘူးမလား။ ငါနင့်ကို ခိုးခိုးနမ်းခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ။

"မရာ ချစ်ဖို့ကောင်းလိုက်တာ အခုတောင် ပြေးတွေ့ချင်လာပြီ"

ငါလေနင့်နား ဒေါ်မိမိငယ်ကပ်နေတော့ မနာလိုဘူး။ အဲ့ဒါကြောင့် နင်စိတ်ဆင်းရဲအောင် ပြောခဲ့မိတာ။

"မက မနာလိုလည်း ဖြစ်တတ်သေးတာပဲ"

မခ
တောင်းပန်ပါတယ်။ ငါသတ္တိမရှိခဲ့လို့။ ဒါပေမဲ့ ငါ့ဆုံးဖြတ်ချက်ကို ငါမပြင်ဘူး။ ငါကမိဘမဲ့လေ။ တစ်ချိန်ကျ လူ့ပတ်ဝန်းကျင်က ငါကမိဘမဲ့မို့ ဆုံးမမဲ့သူ မရှိလို့ အဲ့လိုမျိုး သဘာဝနဲ့ကွဲထွက်ပြီး လိင်တူကြိုက်တာလို့ပြောကြရင် ငါစိတ်ဓာတ်ကျလို့ သေမှာ။ ငါတို့ကိုစောင့်ရှောက်နေတဲ့ အမေကြီးလည်း အရှက်ရမယ်။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်လို့များ နင်နဲ့ငါ ပြန်တွေ့ခဲ့ရင် ဒါကိုကံကြမ္မာလို့ သတ်မှတ်ပြီး ငါနင့်ကို လက်ခံမယ်။ နင်ကငါ့ရဲ့ အချစ်ဦး။ ပထမဦးဆုံး အနမ်းပါ။ နင့်အနမ်းတွေကို တပ်မက်သလို နင့်ကိုလည်း စွဲလမ်းမိတာပေါ့။ အရမ်းချစ်တယ် မခ။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now