Torture (23)

13.3K 324 17
                                    

***Sexual words Warning ⚠️
အဲ့နေ့က မ,ဟိုသူတောင်းစားနဲ့ လက်ထပ်သွားမှာကို သူသိခဲ့လို့ မကို ပိုးစိုးပက်စက် ချစ်ရည်လူးပစ်ခဲ့ရင်း နောက်မှ ကောင်းကောင်းမွန်မွန်ရှင်းပြရင်း အကောင်အထည်ဖော်မယ့် အိပ်မက်ကို ထိုညက အကောင်အထည် ဖော်ပစ်ခဲ့သည်။ သူကသန္ဓေအောင်ခဲ့သည် ဆိုသော်လည်း မကသန္ဓေအောင်မအောင် မသေချာ။ သို့သော် အရဲစွန့်စွာပဲ မရဲ့သားအိမ်ထဲသို့ ထိုအရာကို ထည့်ပစ်ခဲ့သည်။ ဆရာဝန်ဖြစ်ချင်ခဲ့တာလည်း ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ဟု ပြော၍ရသည်။ ဒီကလေးတွေက သူ,မနဲ့ တစ်အိမ်တည်းစနေဖို့ တွေးတည်းက အိပ်မက်မက်ခဲ့တဲ့ သူ့အိပ်မက်တွေပင်။ အောင်မြင်ဖို့ ရာနှုန်းနည်းတာကြောင့် အကယ်၍ ‌အကောင်အထည်သာ ပေါ်မလာလျှင် ထပ်ကြိုးစားဖို့ သူစဉ်းစားပြီးသား။ ထို့ပြင် ထိုအချိန်က ကလေးလေးတွေဖြစ်လာနိုင်ဖို့ ကျော့ကေသွယ်ရဲ့ အကူအညီတွေလည်း လက်ခံခဲ့ရသည်။ သုတ်ပိုးအလှူရှင်က အခုချိန်မှာ သူ့နေရပ်ကို သူပြန်သွားပြီဖြစ်တဲ့ ကနေဒါက နိုင်ငံခြားသား သူငယ်ချင်းတစ်ယောက်။ သို့သော် တစ်ကြိမ်တည်းနှင့် အလုပ်ဖြစ်မယ်လို့ မထင်မိတာအမှန်ပင်။ ရုတ်တရက် မ,က ထွက်ပြေးသွားတာကြောင့် ကလေးလေးတွေဖြစ်လာခဲ့ရဲ့လားဆိုတာပင် သူမသိခဲ့ရတော့။ နာကျည်းလွန်းစွာပဲ သူခွဲစိတ်ပြုပြင်လိုက်ရာ လိင်ဆက်ဆံရာမှာ သုတ်ပိုးမထုတ်နိုင်ပေမဲ့ သူလိုချင်တဲ့ ယောက်ျားသားဘဝမျိုးရခဲ့သည်။ မလည်း ယောက်ျားအစစ်ကိုပဲ ကြိုက်ခဲ့သည်မလား။ အဲ့ဒါကြောင့်ပဲ ဟိုလူနဲ့ လိုက်ပြေးခဲ့တာပေါ့။

သည့်ပြင် ခွဲစိတ်ပြီးပြီးချင်း ပြန်လည်ထူထောင်မှု လုပ်ငန်းတွေပြီးတော့ ဆရာဝန်က လိင်နဲ့ပတ်သက်ပြီး ပညာပေးခဲ့တာကြောင့် မကိုမုန်းလွန်းစွာ အရွဲ့တိုက်ပစ်ချင်စိတ်နှင့် ကျော့ကေသွယ်နဲ့ အိပ်ပစ်ဖို့ သူကြိုးစားခဲ့သည်။ ပစ္စည်းကို ကြွလာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာတောင် သူ့ခန္ဓာကိုယ်ကလည်း သခင်သိသည်ထင့် လုံးဝကို နှိုးမရပေ။ စိတ်ပင် ဖြစ်မလာသောကြောင့် ကျော့ကေသွယ်ကို တောင်းပန်ခဲ့ရသည်။ သို့သော် မရဲ့မုန့်တွေကို လွှင့်ပစ်ခဲ့တဲ့ ထိုနေ့က မပြန်သွားပြီးပြီးချင်း စိတ်တွေအရမ်းဖြစ်လာတာကြောင့် ပစ္စည်းကိုဆွမိရာ သူပထမဆုံးအကြိမ် တစ်ချီပြီးခဲ့သည်။ ထို့နောက်တော့ ကားပေါ်မှာ တကယ်ကို ခံစားမှုမျိုးစုံနှင့်။ သူ့ပစ္စည်း သူ့ခန္ဓာကိုယ်တောင် သူမပိုင်ဘူးထင်ပါရဲ့။ မနဲ့တွေ့တိုင်းလည်း တားမရတဲ့စိတ်တွေက သူ့ရဲ့အသစ်ကျပ်ချွတ် လက်လုပ်ပစ္စည်းကို ခေါင်းထစေသည်။ ဆိုးတော့ မဆိုးဘူး မ,ကလေးတွေက ကျုပ်ဖန်တီးပေးလိုက်တဲ့ ကျုပ်နဲ့လုပ်ရင်းရတဲ့ ကလေးတွေတဲ့ ဟက်။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now