Torture (17)

10.8K 298 11
                                    

!!! Dirty words Warning !!!
မလိုချင်ဘဲရခဲ့တဲ့ ကလေးအမေဘဝကို အပြစ်မတင်မိ။ မိဘမရှိတဲ့သူမလို သားသားနဲ့မီးမီးကို ဘယ်လိုမှအဖြစ်မခံနိုင်ပါ။ သူမတစ်ယောက်တည်းဆိုလျှင်တောင် ကလေးတွေကို လူလားမြောက်ရအောင် ထူထောင်ပေးမည်။ ထို့အတူ သူမကလည်း ကလေးတွေအတွက် စံပြဖြစ်စေရမည်။ ကံကြမ္မာကိုလည်း အပြစ်မဆိုသာ။ ကိုယ့်ကိုယ်ကိုလည်း အပြစ်မဖို့မိတော့ပေ။

မလွမ်းဘူးလားလို့မေးရင် လွမ်းမိတာပေါ့။ ဘာကိစ္စမှမရှိလျှင် အကြောင်းမဟုတ် တိုက်ဆိုင်တာများ ကြုံလာလျှင် ရင်ဘက်တစ်ခုလုံး နာကျင်ရအောင် လွမ်းမိသည်။ မခက သူမတစ်ဘဝလုံးရဲ့ အလင်းရောင်ပျပျလေး ဖြစ်ခဲ့သည်မို့။ ‌တရေးနိုးလန့်နိုးတော့ ‌ကွယ်ပျောက်သွားရတဲ့ အိပ်မက်လို မခနဲ့သူမကြားက ကိစ္စတွေက မြန်ဆန်လွန်းသည်။ တကယ်ကို မုန်တိုင်းထန်ကာ ယစ်မူးကြည်နူးခဲ့ရတဲ့ အတိတ်ပါပေ။

သူ့ကိုမေ့ဖျောက်ဖို့ ကြိုးစားရင်း လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သူမသေမလောက် ပင်ပန်းရပေမဲ့ သားသားနဲ့မီးမီးကြောင့်သာ တောင့်ခံနိုင်ခဲ့တာပါပေ။ ဒါကြောင့်မို့ အလုပ်ကိုလည်း မနားမနေလုပ်ခဲ့သည်။ သူငယ်ချင်းက တားနေသည့်ကြားကပင် မအားမလပ်အောင် စက္ကန့်မလပ်စေဘဲ အလုပ်ချည်းသာ လှိမ့်လုပ်နေခဲ့မိပါသည်။ မဟုတ်ရင် မခရဲ့မျက်ဝန်းတွေသာ ခေါင်းထဲအတွေးထဲ အာရုံထဲမှာ မြင်နေရသည်မို့။

***ငါးနှစ်ကျော်လာပြီ ခ နင်ကငါ့ကို အတွေးတွေနဲ့ နှိပ်စက်နေတုန်းပါလား

အခုလည်း အလုပ်ချည်းလုပ်နေတဲ့ သူမ အားနည်းကာမူးလဲလို့ မင်းမင်းစိုးနဲ့ သူမသူငယ်ချင်းက ဆေးခန်းပြေးပို့ရပါတော့သည်။

“မိနေခြည် ညည်းနဲ့တော့ ခက်တာပဲ အဲ့လောက် မလုပ်ပါနဲ့ဆို အခုလည်း နင်အခြေအနေတစ်ခုထိ ရောက်နေပြီပဲ ဖြည်းဖြည်းမှန်မှန်လုပ်ပေါ့ ကိုယ်ကကလေးနဲ့ ညည်းမရှိရင် ညည်းကလေးတွေ ဘယ်လိုလုပ်မလဲ”

သူမကိုစိတ်ပူစွာ ပေါက်ပေါက်ဖောက်နေသည့် သူငယ်ချင်းမအား မူးရသည့်ကြားမှ ပြုံးမိသေးသည်။ တကယ်တမ်း ဒုက္ခဝေတော့ ခိုင်လေးနှင့် မင်းမင်းစိုးသာ အစအဆုံး ကူညီပေးခဲ့သည်ပေ။

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now