Torture (16)

11.3K 275 8
                                    

!!!!!!!! Lesbian Sexual plot & Dirty Talk Warning!!!!!!!!!

ဆင်တူအင်္ကျီလေးဝတ်ပြီးသကာလ မရောသူပါ ဆယ့်ဖီးလှလှလေး ဆွဲကြသည်။ မက Graphic designerမို့လားပင် ဆယ့်ဖီးလေးတွေက သိပ်အထာကျလွန်းသည်။ ဗီဒီယိုအတိုလေး ရိုက်တော့ကျ မကသူ့ရင်ခွင်ထဲဝင်ကာ ပုန်းနေလေသည်။

"Fbပေါ်တင်မယ်ဆို မရိုက်နဲ့ ငါရှက်တယ် ခရာ"

"ဘာဖြစ်လဲမရဲ့ သူများတွေလည်း တင်ကြတာပဲ"

ကင်မရာဘက် လှည့်လိုက်ပြီး

"ကျွန်တော့်အသဲလေးက ရှက်လို့တဲ့"

အူယားစွာ မပါးလေးကို ဖွဖွလေးနမ်းမိသည်။ ပြီးတော့ နဖူးလေး။

"ကျွန်တော်က ချစ်လို့ရူးတော့မယ် မ"

ရှက်တတ်တဲ့ သူ့အသဲလေးက ခြေဖျားထောက်ကာမော့လို့ သူ့နှုတ်ခမ်းပါးတွေကို ကျီစားသည်။ ခဏနေ Shoppingထွက်ကြမည်။ အိမ်မှာပဲ မုန့်တစ်ခုခုလုပ်စားဖို့ စဉ်းစားထားသည်။

"သဲလေး သွားကြမယ်"

ကားနားရောက်တဲ့အခါမှာတော့

"မ ခဏ ဒီဘက်လာ"

"အွန်း"

မခရဲ့ ကားနောက်ခန်းနား အရောက်မှာတော့ အော်တိုခလုတ်ကြောင့် ကားနောက်ခန်း အဖွင့်မှာတင် နှင်းဆီပန်းတွေအဲ့ဒီထဲ အပြည့်ထည့်ထားတာ မြင်လိုက်ရပါသည်။

"လှလိုက်တာဟယ်"

"မအတွက် ကြိုက်လား မ"

"အွန်း သဲ‌လေး"

"ရော့ဒါက ချောကလက်"

"နောက်တစ်ခု ကျန်သေးတယ် ပြန်ရောက်မှပေးမယ်"

"ဘယ်တုန်းတည်းက ပြင်ထားတာလဲ ကျေးဇူးတင်ပါတယ် မ ကလေးလေး"

*******************************

သူမချစ်ရသူမို့ ကြွားတာမဟုတ်။ မခက ဘာဝတ်ဝတ် သိပ်ကြည့်ကောင်းနေတာ ခက်သည်။ ယခုလည်း တကယ်ကို သိပ်အသားမကောင်းဘဲ သူမကိုယ်တိုင်ဆွဲထားသည့် ကာတွန်းပုံလေးတွေသာပါသည့် တီရှပ်အဖြူသည် မခခါးပေါ်ရောက်ကာမှ ဈေးကြီးအဝတ်အထည်လို တောက်ပြောင်လွန်းနေသည်။ ရင်ဘက်ကျယ်ကျယ် အရပ်ရှည်ရှည်နှင့် မခကို ကလေးလူကြီးမက ယောက်ျားလေးတွေပင် နှစ်ခါပြန်ကြည့်တတ်ကြသည်။ လူတကာ ကြည့်နေကြတဲ့ မခကို တစ်ခုခုနှင့်ထည့်ကာ ဖွက်သယ်သွားချင်သည်။ ကံကောင်းလိုက်ပုံများတော့ လူတကာငေးရသည့် မခရဲ့ မျက်ဝန်းနက်တစ်စုံက သူမဆီရောက်နေတာပင်။ သူမထံမှမခွာ အရိပ်တကြည့်ကြည့်နှင့်မို့ အူတိုရသည့်ကြားက ပျော်မိသေးသည်။ ဆူပုတ်လိုက် ပြုံးသွားလိုက်ဖြစ်နေတဲ့ သူမလက်ကို ခပ်တင်းတင်းကိုင်ကာ မခက

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now