Torture (7)

8.4K 334 5
                                    

အသံလာရာဆီသို့ ကလေးတွေအားလုံးရဲ့ ခေါင်းတွေလှည့်သွားကြလေရာ....
ဘူးအသေးလေး ကိုင်ထားတဲ့ ဟိုဆရာမလေး။

"ရေမွှေးလက်ဆောင်"

လက်မခံချင်သော်လည်း ဆရာမကပေး‌သည်မို့ လက်ခံလိုက်ရသည်။ နောက်မှ အခြားသူကို ပေးလိုက်မည်ဟု တေးမှတ်ရင်း။ ရချင်သူဆီက မရ မရလိုတဲ့သူဆီကကျတော့...။ ဘယ်လိုများပါလိမ့်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"မခ နင့်ကို ဆရာမ‌ငယ်က သူနဲ့ အနော်ရထာအသင်းမှာ အဖော်လိုက်အိပ်ပေးပါတဲ့"

(ဂေဟာမှာက ၄၊၅နှစ်မှစကာ ၁၀နှစ်ထိထားတဲ့ အသင်းကို အနော်ရထာအသင်းလို့ခေါ်ပြီး ၁၁နှစ်မှစကာ ၁၆၊ ၁၇၊ ၁၈နှစ်ထိထားတဲ့ အသင်းကိုတော့ ဘုရင့်နောင်အသင်းဟု ခေါ်လေသည်။ လူဦးရေ၈၀ခန့်ရှိပြီး သူတို့အသင်းက အယောက် ၃၂ယောက် ရှိလေသည်။)

"ငါ့ကို???"

"အင်း ပြောပြီးပြီနော် သွားပြီ"

ဘေးနားတွင် အသင်းပိုင် ဆရာမကြီးက ရှိနေသောကြောင့် သူလည်းဆက်မငြင်း မနေတော့ပေ။

???????????????????????????????

သူ,မကို ခြောက်လှန့်ထားတာကြောင့် ဟိုကိစ္စဖြစ်ပြီးနောက်ပိုင်း မကသူ့ကို အရင်လိုပဲ စကားပြောသလို အရင်တိုင်း မဘေးနားသူ့ကို အကပ်ခံပါသည်။ သို့သော် ပုခုံးပေါ်မေးတင်တာ အနောက်ကဖက်တာ ဘေးကဖက်တာ ခါးကဖက်တာတို့လို အသားယူတာမျိုးဆိုလျှင်တော့ ကျောကိုဖြစ်ဖြစ် လက်မောင်းကိုဖြစ်ဖြစ် အီနေအောင် အဗျင်းခံရပါသည်။ ဒါတောင် သူကမကို လူလစ်ရင်လစ်သလို ပါးနှစ်ဖက်၊ နဖူး၊ မေးစေ့ စသည်ဖြင့် မွှေးတတ်ရာ တန်ရာတန်ကြေးအနေဖြင့် မကလက်သည်းဖြင့် ဆိတ်ဆွဲတာခံရလေသည်။ ခုလည်း စာမေးပွဲကြီး နီးပြီဖြစ်သောကြောင့် စာကောင်းကောင်း မကျက်သောသူ့ကို မက,စာမေးရင်း စာအုပ်နှင့် တဖပ်ဖပ် ရိုက်နေလေသည်။

"ဒါလေးမေးတာကိုတောင် မရဘူး"

"ဖပ် ဖပ် ဖပ်"

"ဟ နာတယ် အစ်မရ"

"ဉာဏ်ကောင်းရဲ့နဲ့ စာကိုမလုပ်ဘူး ကဲဟယ် ကဲဟယ်"

Torture (Lesbian+++)(Uni-Zawgyi)Where stories live. Discover now