Description

41.8K 1.7K 75
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဉ် ဝတ္ထုဇာတ်လမ်းစာအုပ်တစ်အုပ်ထဲကို ကူးပြောင်းလာခဲ့တယ်။

သူမဟာ "ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလေး‌ယောက်နဲ့ သူတို့ရဲ့နတ်သမီးလေး" ဆိုတဲ့ ကျောင်းသားအချစ်ဝတ္ထုထဲက အမျိုးသမီးဇာတ်ပို့ဇာတ်ကောင်တစ်ယောက် အဖြစ်ကူးပြောင်းလာခဲ့တယ်။

ဝတ္ထုဇာတ်ကြောင်းအရဆို ရှီးနဉ် က ချမ်းသာတဲ့ မိသားစုတစ်စုရဲ့ သမီးတစ်ဦးဖြစ်ပြီး အနှီဝတ္ထုရဲ့ အမျိုးသားဇာတ်လိုက်တွေ ဖြစ်တဲ့ ကောင်လေး လေးယောက်နှင့်အတူ ကလေးဘဝကိုကြီးပြင်းလာခဲ့ကြရသည်။ သူတို့အကုန်လုံးက သူမကို ချစ်ခင်နှစ်သက်ကြတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဖူးဖူးမှုတ် အလိုလိုက်ခံထားရတဲ့ကောင်မလေးတစ်ယောက်ပေါ့။

ဒါပေမဲ့လို့လည်း မူလဝတ္ထုရဲ့ဇာတ်ကြောင်းအသွားအလာအရ သူမဟာ အဓိကအမျိုးသားဇာတ်လိုက်ပေါ်မှာ ခံစားချက်တွေရှိနေတာကြောင့် အမျိုးသမီးဇာတ်လိုက်ကို မနာလိုဖြစ်ပြီး ဇာတ်လိုက်မဒုက္ခရောက်စေရေးအတွက် နည်းလမ်းအမျိုးမျိုးကြံစည်ပြီး စတင် ဒုက္ခပေးလေသည်။ ထိုသို့သောဇာတ်လိုက်မကို ဒုက္ခပေးကြံစည်တဲ့ သူမရဲ့ အနိုင်ကျင့်မှုတွေကြောင့် ဇာတ်လိုက်ကျော်ကြီးလေးယောက်က သူမနဲ့ဆက်ဆံရေးကိုဖြတ်တောက်ပစ်လိုက်ကြတော့တယ်။

အဲ့လိုနဲ့ပဲ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေး ပျက်စီးသွားလေသည်။ ဒီလိုအဖြစ်အပျက်တွေကြောင့် သူမအား လူတွေအားလုံးကရှောင်ဖယ်သွားကြကာ နောက်ဆုံး သူမတစ်ယောက်တည်း စိတ်မချမ်းမြေ့ဖြစ်ပြီးတော့ပဲ ဇာတ်သိမ်းခဲ့ရတယ်။

ဝတ္ထုဇာတ်ကြောင်းအသွားအလာကို လေ့လာကြည့်ပြီးနောက်မှာတော့ ရှီးနဉ် ဟာ ဝမ်းသာအားရကျေနပ်လာသလို ခံစားလိုက်ရ၏။

အမျိုးသမီးဇာတ်ရံအနေနဲ့ ကူးပြောင်းလာခဲ့တာကပိုကောင်းသလိုပဲ!

ဒီအချစ်ဇာတ်လမ်း‌လေးဟာ ဇာတ်လိုက်တွေနဲ့ဇာတ်လိုက်မတို့နဲ့ပဲ သက်ဆိုင်တာဖြစ်ပြီး သူမနဲ့ မပတ်သက်တာကြောင့် သူမအနေနဲ့ ဘာမှလုပ်စရာမလိုအပ်ဘူးလေ။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now