CHAPTER 7.1

11.1K 1.6K 26
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ယွီချူယောင်ရဲ့ အဓိက အခန်းကဏ္ဍတော့ ဇာတ်လိုက်တွေကိုပျက်စီးစေတဲ့ ဗီလိန်မတစ်ယောက်ပဲဖြစ်တယ်။
 

ယွီချူယောင်က နန်ရှောင်း၊ရှီးချန်နဲ့ ရှီးနဉ် တို့လိုမျိုး အဆင့်တန်းမြင့်မြင့်ကနေ မွေးဖွားလာတာမျိုးမဟုတ်ပေမဲ့ ရှီးသခင်မကြီးက မိဘမဲ့ဂေဟာမှာ ပရဟိတသွားလုပ်စဉ်တွေ့လာခဲ့ပြီး ခေါ်ယူမွေးစားခဲ့ခြင်းပင်ဖြစ်သည်။
 

သူမ အသက် ၇နှစ်အရွယ်မှာ ရှီးမိသားစုဆီ ရောက်လာခဲ့သည်။
 

မျိုးရိုးအနေနဲ့ အတိအကျတော်စပ်မယ်ဆိုရင် သူမကို သူတို့ရဲ့အဖွားက မွေးစားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူမဟာ ရှီးနဉ် နဲ့ ရှီးချန်တို့ထက်  အသက်အရွယ်ထက် ဝါအရကြီးနေသည်။

သို့သော်လည်းပဲ သူမဟာ သူတို့နဲ့ အသက်မတိမ်းမယိမ်းလေးတွေဖြစ်တာကြောင့် ရှီးနဉ် ကတော့ အမြဲ သူမကို ‘ကျဲ’ဆိုပြီးပဲ ခေါ်တယ်။ ယွီချူယောင်ကလည်း ရှီးချန်ထက် ငယ်တာကြောင့် သူမကလဲ သူ့ကို “ရှီးချန်ကော”လို့ပဲခေါ်တယ်။
 

ယွီချူယောင်က ချစ်စရာကောင်းတဲ့ရုပ်ရည်လေးရှိပြီး သိမ်မွေ့တဲ့အပြုအမူ၊အမူအရာတွေနဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်တယ်။ သူမက အမြဲစကားကို ချိုချိုသာသာလေးပဲ ပြောတယ်။
 

မူလရှီနဉ်ကတော့ သူမကို အစ်မရင်းတစ်ယောက်လိုပဲ အမှန်တကယ် သဘောကျတာဖြစ်၏။ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းလွန်းတာကြောင့် တခြားသူတွေက သူမတို့ကို ညီအစ်မအရင်းတွေလို့တောင် ထင်မိကြတာမျိုးရှိတယ်။
 

ယွီချူယောင်က တခြားသူတွေ သူမကိုနှစ်သက်လာအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေအပြည့်ပဲရှိတယ်။
 

သူမကိုကြည့်ရတာ နူးညံ့သိမ်မွေ့တယ်၊ ကြင်နာတယ်၊ နားလည်မှုပေးနိုင်တယ်လို့ ခံစားရပေမဲ့ တကယ့်အစစ်အမှန်ကတော့ သူမက မကောင်းတဲ့ အကြံစည်၊အကျင့်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့သူတစ်ယောက်သာဖြစ်သည်။
 

မူလစာအုပ်ထဲကအရဆို သူမကသာ ရှီးနဉ် ကို မကောင်းတဲ့အရာတွေလုပ်တာကို အားပေးအားမြှောက်မလုပ်ပေးခဲ့ဘူးဆိုရင် ရှီးနဥ်က ဒီလောက်ကြီး ဆိုးသွမ်းနေမှာမဟုတ်ချေ။
 

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now