CHAPTER 8.2

11.2K 1.6K 53
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

အဲ့အချိန်မှာပဲ နန်ရှောင်း၊ ကျင့်စစ်းဟန့် နဲ့ လင်းစန်းနော့ တို့ သုံးယောက် သူမရှေ့ကနေဖြတ်လာလေသည်။

ကျင့်စစ်းဟန့်က သူတို့ကို သွားစွယ်လေးတစ်ခုပေါ်အောင် ပြုံးပြလာရင်း “ချူယောင်ကျဲတောင် ပြန်လာပြီပဲ  ကျွန်တော်နဲ့ မတွေ့ရတာတောင်တော်တော်ကြာနေပြီ ကျဲ ပိုပြီးတောင်လှလာတယ်”
 

ယွီချူယောင်: “အပြောတွေကတော့ ချိုနေရောပဲ”
 

သူမရဲ့အကြည့်က နန်ရှောင်းဆီ ရောက်သွားတော့ နန်ရှောင်းကနေ နှုတ်ဆက်တဲ့သဘောအနေနဲ့ ခေါင်းပြန်ငြိမ့်ပြလာသည်။
 

ထို့နောက် ထိုနားမှာထိုင်နေတဲ့ ရှီးနဉ်ကို သူလှမ်းကြည့်လိုက်ပြီး သူ့ပါးစပ်ကနေ စကားတစ်ခွန်းထွက်လာ၏။

“မင်းပြန်လာပြီဆိုတော့ သူကတော့ အရမ်းပျော်နေတော့မှာပေါ့”
 

အဲ့လိုပြောပြီးမှ သူ နောင်တရသွားတော့သည်။ အခုတလော သူ့ကိုယ်သူ ဘာဖြစ်နေမှန်း မသိဘူး။ အခုတောင် သူ့ဘက်ကနေ ရှီးနဉ် ကို စကားတောင် စပြောလိုက်သေးသည်။

သေသေချာချာစဉ်းစားကြည့်ပြီးနောက်  သူတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့တာ ရက်နည်းနည်းကြာနေပြီဆိုတာ သူသဘောပေါက်လိုက်မိသည်။
 

ပျော်နေတော့မှာပေါ့?  ဟုတ်တယ်ဟေး ငါတော်တော့်ကို ပျော်နေတာ။

ယွီချူယောင် ပြန်ရောက်လာတာက ကောင်းသောပြန်ရောက်လာခြင်းမှမဟုတ်တာ။ သူမကတောင်  သူ ပြန်မလာဖို့ ဆုတောင်းနေခဲ့သေး။
 

ရှီးနဉ်ဟာ ပြန်ဖြေဖို့ အတော်လေး‌ပျင်းနေတာပဲဖြစ်သည်။

သူက ပျင်းလို့ ပြန်မဖြေလိုက်ပေမဲ့ နန်ရှောင်းအတွက်ကျတော့။
 

လျစ်လျူရှုခံထားရတဲ့ခံစားချက်က အင်း... သက်တောင့်သက်တာတော့ မဖြစ်ဘူးပေါ့..နော့်။

ကျင့်စစ်းဟန့်က  နန်ရှောင်းရဲ့ တင်းမာလာတဲ့မျက်နှာထားကို မြင်လိုက်တော့ အလောတကြီး ကြားထဲကနေ ဝင်ပြီးဖြေ‌ပေးလိုက်တော့သည်။

“ဒါပေါ့ နဉ်နဉ်များ သိသိသာသာကို ပျော်နေမှာပေါ့  သူနဲ့ချူယောင်ကျဲတို့က ညီအစ်မအရင်းတွေလိုကို အရမ်းချစ်ကြတာ မသိတဲ့လူ ဘယ်သူရှိလို့လဲ”
 

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now