CHAPTER 3.2

11.4K 1.5K 70
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

နန်ရှောင်းရဲ့ လက်ဖဝါးဟာ ကျင့်စစ်းဟန့်ရဲ့ ပခုံးပေါ်ကို အားနဲ့ဖိချလိုက်တော့  သူ နာပြီးအော်လာတဲ့အထိ တမင်သပ်သပ်ကိုလုပ်လိုက်လေသည်။ 

“ငါသူနဲ့ ကိစ္စပြီးတဲ့အချိန်ကျမှ ငါမင်းကို ဘယ်သူက မင်းရဲ့အဖေလဲဆိုတာကို သိအောင်လုပ်ပေးမယ်”

ကျင့်စစ်းဟန့်ဟာ သူ့ခပ်ညစ်ညစ်အသံကို ကြားလိုက်ရသည်။

နန်ရှောင်းက  ရှီးနဉ်ဆီကို လျှောက်လှမ်းသွားတာကို လူတိုင်းက ကြည့်နေကြသည်။

နန်ရှောင်းသခင်လေးက အတော်လေးကိုကြောက်ဖို့ကောင်းလွန်းနေပြီး သူ့ရဲ့မျက်လုံးများက နေရာတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။

“အသက်ငယ်ငယ်လေးနဲ့တော့  မင်းကို အဖေ ဆိုပြီး ခေါ်တာကိုတော့ မခံချင်ဘူးမလား??”

ရှီးနဉ်: “နောက်နောင် ငါအသက်ကြီးသွားရင်တောင် ငါက နင့်ရဲ့အဖေ ဖြစ်ချင်မနေဘူး”

နန်ရှောင်း–  “အိုးး အဲ့ဒီတော့”

သူက ဒါလာမေးတာ  စိတ်ထဲ စနိုးစနှောင့်မဖြစ်ဘူးလား??  ဆိုပြီး  ရှီးနဉ် က အတော်လေး သံသယဖြစ်မိသည်

“ကြားတယ်မလား?သူက မလိုချင်ဘူးတဲ့”

နန်ရှောင်းက အတန်းထဲကလူတွေကိုပြောလိုက်သည်။

ဘော့စ်ရဲ့ သေလောက်အောင်ကြောက်စရာကောင်းတဲ့ အကြည့်တွေကြောင့် အတန်းထဲကလူတိုင်းက တညီတညွတ်တည်းကို ခေါင်းငြိမ့်ပြတော့တယ်။

နန်ရှောင်းက ကိစ္စတွေ မြန်မြန်ပြီးပြတ်ချင်နေတဲ့ စိတ်မရှည်လွန်းတဲ့ ပုံစံနဲ့ ရှီးနဉ် ကို ဆက်ပြီးပြောလိုက်တယ်။

“ငါက မင်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတာမလို့ ငါလုပ်ပေးမယ်”

“ဒါဆိုမင်းဘာကိုလိုချင်တာလဲဆိုတာ ဆက်ပြောကြတာပေါ့”

“ငါ့ရဲ့ ရည်းစားဖြစ်ဖို့တော့ မစဉ်းစားနဲ့”

သူစဉ်းစားမိသွားတဲ့ စကားကို သူအလျင်အမြန် ထပ်ပြောလိုက်တဲ့အချိန်ထိကို ရှီးနဉ် က တစ်ခွန်းမှ ဝင်မပြောသေးဘူး။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now