CHAPTER 4.2

11K 1.4K 26
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

သူမက သူတို့ကိုကြည့်လိုက်ကာ

"ငါက ဒီအဖွဲ့ကို တည်ထောင်ခဲ့တဲ့သူဖြစ်တာကြောင့်မို့လို့ ငါ့မှာ ဖျက်သိမ်းပိုင်ခွင့်ရှိတယ် ဒါမှမဟုတ်လို့ နင်တို့က မဖျက်သိမ်းချင်ဘူးဆိုရင် ငါက ထွက်သွားဖို့ပဲရှိတော့တယ်"

"ဘော့စ်သာ ဒီကလပ်မှာ မရှိတော့ဘူးဆိုရင် ငါတို့ကလပ်ကြီးက အဓိပ္ပာယ်မဲ့သွားမှာလေ"

ကောင်းမင် ဟာ ငိုချင်ရဲ့ လက်တို့ဖြစ်သွားလေသည်။

ရှီးနဉ် က သူမရဲ့ လက်ပတ်နာရီကို ကြည့်လိုက်သည်။ သူမက အချိန်တိတိကျကျနဲ့ စာလေ့လာဖို့အတွက် အချိန်ဇယားဆွဲထားပြီး ယခုအချိန်ဟာ ရူပဗေဒ သင်ခန်းစာကို ပြုလုပ်ရမဲ့ အချိန်ကို ရောက်နေပြီဖြစ်၏။

"ငါအိမ်ပြန်တော့မယ် နင်တို့အားလုံးလဲ ကိုယ့်အိမ်ကိုယ်တည့်တည့်မတ်မတ် ရောက်အောင် ပြန်ကြနော် ဟိုရန်ပွဲကိုလဲ သွားကြည့်မနေနဲ့ဦး နင်တို့မိဘတွေကို စိတ်ပူအောင် မလုပ်မိစေနဲ့"

သူမရဲ့ ကျောင်းလွယ်အိတ်ကို လွယ်လိုက်ပြီး ထွက်မသွားသေးခင်မှာ သူမက လေးလေးနက်နက်နဲ့ စကားအနည်းငယ်လောက် ပြောပြီး သူတို့ကို ဖြောင်းဖျလိုက်သည်။

ခြေလှမ်းနည်းနည်းလောက် လှမ်းလိုက်ပြီးနောက် သူမက အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

ကောင်းမင် နဲ့ တခြားကောင်မလေးတွေဟာ သူမကနောက်ပြန်လှည့် ကြည့်လိုက်တာကြောင့် စိတ်ပြောင်းသွားတယ် ထင်ပြီး မျက်ရည်စလေးတွေနဲ့ သူမကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

ရှီးနဉ် က သူမအနောက်ကိုလှည့်ပြီး သူတို့အားလုံးကို ကြည့်ကာ "နင်တို့အားလုံးလည်း စာကို ကြိုးစားသင့်တယ် တကယ်လို့ နင်တို့ စာကိုကြိုးကြိုးစားစားမလုပ်ဘူးဆိုရင် အနာဂတ်မှာ ငရဲကျနေလိမ့်မယ်နော်" ဆိုပြီး အတည်ပေါက်ကြီးနဲ့ ပြောလာလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ?

သူမရဲ့ အသံဖျော့ဖျော့လေးက ထိုမိန်းကလေးများကို လန့်သွားစေသည်။

သူတို့ရဲ့ ဘော့စ်က အခု သေခြင်းတရားကနေ လွတ်မြောက်ပြီးတဲ့နောက်မှာ အတော်လေးကို ကြောက်စရာကောင်းလာတယ်!

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now