CHAPTER 1.1

20K 1.6K 39
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ငယ်ရွယ်တဲ့ကောင်မလေးတစ်ယောက် ဆေးရုံကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။ ကုတင်ရဲ့အရှေ့မှာတော့ လူကြီးပိုင်း စုံတွဲတစ်တွဲ နဲ့ ရုပ်ရည်ခပ်ချောချော လူငယ်တစ်ယောက်ရောက်ရှိနေတယ်။ ထိုစုံတွဲမှ ယောင်္ကျားကြီးကနေ လက်ညိုးငေါက်ငေါက်ထိုးကာ လူငယ်လေးအား အပြစ်တင်ဆုံးမနေလေ၏။

“မင်းရဲ့ညီမလေးကို မင်းပိုပြီး စိတ်ပူပေးသင့်တယ် ငါ့စကားကို မှတ်ထား တကယ်လို့ ရှီးနဉ် သာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် မင်းကိုသေလောက်အောင်ရိုက်သတ်ပစ်ဖို့ ငါဝန်လေးနေမှာမဟုတ်ဘူးနော်”

ထိုစကားကြားပြီးနောက်မှာ အနှီလူငယ်လေးရဲ့ မျက်ခုံးဟာ တွန့်ချိုးသွားပြီး သူရဲ့ အဖေကို အသက်မဲ့စွာ ကြည့်လိုက်ကာ

“ကျွန်တော် ဘာလုပ်ပေးလို့ရမှာမို့လို့လဲ? ဒီလိုဖြစ်တာက ဒီလအတွင်းမှာကို သုံးကြိမ်ရှိပြီလေ အရင်တစ်ခေါက်က သူ့ကိုယ်သူ ကြိုးဆွဲချတယ် ပြီးတော့ အိပ်ဆေးတွေအလွန်အကျွံ သောက်ပြီးသတ်သေတယ် အခုလဲကြည့် သူ့ရဲ့လက်ကောက်ဝတ်သူ ဓားနဲ့လှီးတယ် ကိုယ့်ကိုယ်ကို အဆုံးသတ်ဖို့ကြံစည်တဲ့နေရာမှာတော့ ကျွန်တော်တို့ရဲ့ မင်းသမီးလေးက ဗဟုသုတအကြွယ်ဝဆုံးပဲ‌ သူက ကမ္ဘာကြီးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် သိပ်လုပ်နိုင်တာပဲ သာမန်လူတစ်ယောက်က သူဝတ်ထားတဲ့ဖိနပ်ကိုကြည့်လိုက်ရင်တောင် ဘဝကိုအဆုံးသတ်ပစ်ချင်စရာ ဘာအကြောင်းပြချက်မှမရှိဘူးလို့ထင်လောက်နိုင်တယ်လေ”

ဖြန်း—

ထိုသို့ အနှီလူငယ်လေးရဲ့စကားသံဟာ ပြောပြီးပြီးချင်း   ကျယ်လောင်တဲ့အသံကို စကြားရတော့သည်။

ထိုလူကြီးဟာ ဒေါသထွက်လွန်းအားကြီးလွန်းလို့ အသားတွေတဆတ်ဆတ်တုန်နေရင်း

“ဒီအယုတ်တမာကောင်ကတော့ကွာ... ကိုယ်ပြောတဲ့စကားကို ကိုယ် ဂဃနဏမသိဘဲ ပြောချင်ရာ  ဇွတ်ပြောလို့ ရရောလား!! အခုကုတင်ပေါ်မှာ သတိမေ့နေတဲ့သူက မင်းနဲ့ပတ်သတ်မှုမရှိတဲ့ သူစိမ်းများမှတ်နေသလား?? အဲ့တာ မင်း ညီမကွ အဲ့တာ မင်းညီမ!! ဟိုမှာ စိတ်ဆင်းရဲနေရတဲ့ မင်းအမေကိုလည်း ပြန်ကြည့်လိုက်ပါဦး မင်းကတော့ ခုထိအသိတရားမရသေးဘူး အရင်က ငါမင်းကိုပျိုးထောင်လာခဲ့တဲ့နှစ်တွေအကုန် အချည်းအနှီးဖြစ်ခဲ့တာပဲ”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now