CHAPTER 9.3

11K 1.5K 43
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ထုန်လု ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလေသည်။

သူမ ပြောလို့ဆုံးခါနီးလောက်မှာ  နှာရည်တရှုံ့ရှုံ့ဖြင့် “ငါလည်းပဲ ခေါင်းရှုပ်သွားခဲ့သေးတယ် နင်ကအရင်တုန်းက ဒီလိုမှ မဟုတ်တာ......”

အရင်ကဆို  ရှီးနဉ်ကပဲ သူမကို  စာသင်ခန်းထဲ အရင်ပိတ်ထားကာ အလွှတ်မပေးခဲ့တဲ့သူလေ။   အခုကျ သူက  သူမကို ကယ်ပေးတဲ့အပြင် အပြင်ထွက်လို့ ရအောင်တောင် ကူညီပေးခဲ့တော့  ထုန်လုလည်းပဲ ရှုပ်ထွေးသွားခဲ့‌သေးသည်။ 

ရှီးနဉ်က  သူမရဲ့ လက်ကို ရုတ်တရက်မြှောက်လိုက်ကာ ကျိန်ဆိုလာသည်။
“စိတ်မပူပါနဲ့ ငါကျိန်ပြောရဲတယ်  အဲ့တာ အတိတ်တုန်းက ငါ့ရဲ့အမှားတွေပါ အကြင်နာမဲ့လွန်းတဲ့ လုပ်ရပ်တွေကို  လုပ်လို့လုပ်မှန်းမသိအောင်ကို အမှောင်ဖုံးနေခဲ့မိတာ  နောက်နောင်  ငါ ဘယ်တော့မှ  နင့်ကိုအနိုင်ကျင့်တော့မှာမဟုတ်တော့ဘူး တကယ်လို့ တစ်ယောက်ယောက်က နင့်ကို အနိုင်လာကျင့်မယ်ဆိုရင် ငါနင့်အစား လူကူရိုက်ပေးမယ်”

ဘယ်လိုပဲဖြစ်ဖြစ် သူက ဇာတ်လိုက်မလေ။ နောက်နောင်ကျရင် သူရဲ့ဘဝကြီးက ထိပ်ဆုံး‌ရောက်ပြီးအောင်မြင်နေတော့မှာကို ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျ  သူနဲ့  သွားပြီး ထိပ်တိုက်မတွေ့ရအောင် အတတ်နိုင်ဆုံး အခုကတည်းက ရှောင်ထားရမယ်။ ပြီးတော့   အရင် မူလရှီးနဉ် ကြောင့် သူ ခံစားခဲ့ရတာတွေကို  အဆုံးအထိ တာဝန်ယူပေးရမဲ့အသိစိတ်တော့ သူမမှာ  ရှိနေသေးသည်။

ရှီးနဉ်  သူမရှိနေသမျှကာလပတ်လုံးတော့ ထုန်လုတစ်ယောက် အရင်ပုံစံလိုဖြူဖြူစင်စင်နဲ့ ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပဲရှိနေသေးစေချင်တယ်။ သူ့ကို  အနိုင်ကျင့်ခံ၊ဒုက္ခရောက် ရတဲ့လမ်းကို နောက်တစ်ခေါက် ထပ်မလျှောက်စေချင်တော့ဘူး။

“ဘော့စ်က အရမ်းကို သဘောကောင်းတာပဲ‌နော်”

“ငါတို့ရဲ့ နန်ရှောင်းဟို့ယွမ်ဟွေ့ ကတော့ လုံးဝကိုသွားပါပြီဟာ” ကောင်မလေးတွေက ငိုကုန်ကြတယ်။

ထုန်လုဟာ သူမအပေါ်  ရှီးနဉ်ရဲ့ ကြင်နာမှုလေးကို မြင်လိုက်ရတော့ ရှင်းပြဖို့ကြိုးစားလေသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now