CHAPTER 6.1

11.2K 1.7K 10
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဥ်က သူတို့ရန်ဖြစ်နေတာကို ကြည့်ဖို့ သူတို့နားကမနီးမဝေးလေးမှာရပ်နေလိုက်သည်။

ဒီမှာက ပြိုင်ဘက်ကောင်းတွေအများကြီးပဲ နန်ရှောင်းတို့က အားသာနေသော်လည်း သူတို့မှာ ထိခိုက်ဒဏ်ရာအနည်းငယ်တော့ရလေသည်။

ရှီးနဉ်  သူမရဲ့လက်တွေကို အချင်းချင်းရုတ်တရက် ပွတ်သပ်နေမိသည်။ အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူမက ရန်ပွဲရဲ့ အလယ်ခေါင်သို့ ခိုးကြောင်ခိုးဝှက်နဲ့ရောက်ချလာသည်။

“နဉ်နဉ် မင်းထွက်မသွားသေးဘူးပေါ့??”

ကျင့်စစ်းဟန့်က သူမကိုသတိထားမိသွားတယ်။

ရှီးနဥ်က သူ့ကို ချည်နှောင်ထားတဲ့ကြိုးတွေကို ကူညီကာဖြည်ပေးဖို့ ကြိုးစားလိုက်၏။  ထိုချည်ထားတဲ့အထုံးကို ဖြည်ဖို့ အချိန်အကြာကြီးကြိုးစားသော်လည်း အဲ့တာက လုံးဝကို ပြေမသွားပေ။

“သူတို့က သေသေချာချာကို အပီချည်သွားတာလေ မင်းက အဲ့တာကိုလုပ်နိုင်ဖို့အတွက် အတော်လေး အားနည်းနေတယ်”

ရှီးနဥ်က သူ့ကိုမော့ကြည့်လိုက်သည်။

“အဲ့တာဆို နန်ရှောင်းကကျတော့ ဘာလို့ ဖြည်နိုင်သွားတာလဲ?”

“သူက နန်ရှောင်းမို့လို့လေ”

ထိုအချိန်မှာ ရှီးနဉ်က ရန်ပွဲကို တစ်ချက်လှမ်းကြည့်လိုက်တော့  မြေပြင်ပေါ်လဲကျနေတဲ့ သူတစ်ယောက်က တိတ်တိတ်လေးထလာပြီး ‌တွေ့ကရာ တုတ်ကို ကောက်ကိုင်တာ ရှီးချန်ကို အားနဲ့ရိုက်ချဖို့ ပြင်နေတာကို ရှီးချန်က သတိမထားမိတာကို မြင်လိုက်ရသည်။

“သတိထား!”

အဲ့လိုပြောရမဲ့အစား သူမရဲ့ဦးနှောက်က ထိုအချိန်မှာ ကောင်းကောင်း စဉ်းစားချိန်မရဘဲ ဖြစ်နေသည်။ သူမက ပြေးသွားလိုက်ပြီး ရှီးချန်ကို တွန်းထုတ်လိုက်တော့သည်။

ကံကောင်းထောက်မစွာဘဲ သူမကိုယ်က နည်းနည်းတိမ်းနေမိတော့ သူမရဲ့ပခုံးကိုပဲ ရိုက်မိတော့သည်။ သို့သော် တုတ်ကိုင်ထားတဲ့ သူက အရမ်းကို သန်မာလွန်းတာကြောင့်  သူမအရိုက်ခံလိုက်ရတဲ့နေရာက ပွန်းပဲ့သွားပြီး ဒဏ်ရာရသွားသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now