CHAPTER 3.1

11.5K 1.5K 45
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ကျင့်စစ်းဟန့် စကားပြောပြီးတဲ့နောက်မှာ အေးတိအေးစက် ဖြစ်နေတဲ့ နန်ရှောင်းရဲ့ အသံကြီးက အနောက်ကနေ ထွက်လာတော့တယ်။

"တိတိ ဒီရက်ပိုင်းမှာ မင်းကို မရိုက်ဖြစ်တော့ အခု ရိုက်ပေးဖို့လိုအပ်လာပြီပဲ"

နန်ရှောင်းက သူ့ရဲ့ ညီအစ်ကို ကို အခုချက်ချင်း ထရိုက်မိမှာတောင် ထိန်းနေရတယ်။

"ဟာ ကောကလည်း ကျွန်တော်က စရုံလေးကို နဉ်နဉ်လည်း ဘယ်လိုနည်းနဲ့မှ အလွတ်ဆိုနိုင်မှာမှ မဟုတ်တာ"

ကျင့်စစ်းဟန့် က ပြောလိုက်ရင်းပြုံးလိုက်သည်။

အဲ့လိုပြောတာ အဓိပ္ပာယ်ရှိတယ်လို့ နန်ရှောင်း တွေးမိတော့မှ သူ့ရဲ့ ကာတွန်းဟာသစာအုပ်ကို ခြေထောက်ချိတ်ကာ ဆက်ဖတ်လိုက်သည်။

အတန်းထဲက ကောင်လေးတွေကတော့ ကျယ်လောင်စွာ ရယ်ကြတော့သည်။

"ဘယ်သူက နန်ရှောင်းရဲ့ အဖေ လုပ်ရဲမှာတုန်း? လုပ်ရဲတဲ့ကောင်ကတော့ သူ့အသက် ရှည်ရှည်မနေရဘဲ ဖြစ်မှာကိုပဲ ငါစိုးရိမ်မိတယ်"

"တကယ်လို့ ဒီဟာကို အလွတ်ဆိုနိုင်တဲ့ ဘယ်သူမဆို ငါလည်း သူ့ကို အဖေ တော်ပစ်လိုက်မယ်ကွ"

အနောက်တန်းမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကနေ အထင်အမြင်သေးတဲ့ ပုံစံနဲ့ တိုးတိုးလေးပြောလိုက်သည်။

"သူက ဒါကို သေချာပေါက် လုပ်နိုင်မှာမဟုတ်ဘဲနဲ့များ တော်ချင်ယောင်ကဆောင်နေသေး"

ထိုကောင်မလေးရဲ့ ဘေးမှာရှိတဲ့ ကောင်မလေးကနေ သူမကို တံတောင်နဲ့ လှမ်းတိုက်လိုက်သည်။

"နင် အသံကို တိုးတိုးပဲပြော တကယ်လို့သာ နင်ပြောတာကို ရှီးနဉ် ကြားသွားမယ်ဆိုရင် နင့်အတွက်လဲ မကောင်းဘူးနော် ဟိုတစ်ခေါက်တုန်းက စုန့်ဟွေး က ရှီးနဉ် ရဲ့မကောင်းသတင်း ပြောတုန်းက သူဘယ်လိုဆိုးဆိုးဝါးဝါးဖြစ်သွားလဲဆိုတာကို မမေ့နဲ့ဦး ထုန်လု တောင် နန်ရှောင်းသာ သူ့ကို မကာကွယ်ပေးခဲ့ဘူးဆိုရင် စုန်ဟွေးလိုပဲ သူလည်း ဒီကျောင်းမှာတောင် ဆက်နေရဲတော့မှာကိုမဟုတ်ဘူး"

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now